DVB Logo
Home
နိုင်ငံတကာ
အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ပြဿနာတခုအဖြစ် တရုတ်နိုင်ငံကို အသုံးပြုမှု ပယ်ချ
DVB
·
July 17, 2024
အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ပြဿနာတခုအဖြစ် တရုတ်နိုင်ငံကို အသုံးပြုမှု ပယ်ချ
Donate to DVB

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ တရုတ်နိုင်ငံကို ထည့်ပြောစရာ “ပြဿနာ” အဖြစ် အသုံးပြုတာကို ငြင်းဆန်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၆ ရက်မှာ ပြောလိုက်ပြီး ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ပ်နဲ့အတူ ရွေးကောက်ခံမယ့်  ဒုသမ္မတလောင်း ဂျေဒီဗန့်စ်ရဲ့ ပြောကြားချက်အပေါ် တုံ့ပြန်လိုက်ပါတယ်။

ထရမ့်ပ်နဲ့အတူ ရွေးကောက်ပွဲ ဝင်ဖော်ဝင်ဖက် ဒုတိယ သမ္မတလောင်းအဖြစ် အမည်ခံပြီးနောက် ဇူလိုင် ၁၅ ရက် သူ့ရဲ့ပထမဆုံးအင်တာဗျူးတွေမှာ  အိုဟိုင်းယိုး အထက်လွှတ်တော် အမတ် ဗန့်စ် က ပြောကြားခဲ့တာပါ။

အမေရိကန်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုအဖြစ် တရုတ်နိုင်ငံကို တံဆိပ်ကပ်ခဲ့ပြီး ဝါရှင်တန်ဟာ ရုရှား-ယူကရိန်း အကျပ်အတည်း ပြီးတာနဲ့ ပေကျင်းကို တကယ့်ပြဿနာအစစ် အနေနဲ့ အာရုံစိုက်သင့်တယ်လို့ ဗန့်စ်ကပြောဆိုခဲ့တာပါ။

ဗန့်စ်ရဲ့ ပြောစကားအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာ တရုတ်ကို ရွေးကောက်ပွဲပြဿနာအဖြစ် အသုံးပြုနေတဲ့ အမေရိကန်ကို တရုတ်က ဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်း က ပြောကြားပါတယ်။

ထရမ့်ပ်ဟာ သူနဲ့အတူ ရွေးကောက်ပွဲဝင်မယ့် ဒုသမ္မတလောင်းအဖြစ် အမာခံ ကွန်ဆာဗေးတစ် တဦးဖြစ်တဲ့ ဂျေဒီဗန့်စ် ကို တနင်္လာနေ့မှာ ရွေးချယ်ခဲ့ပြီး အထူးသဖြင့် နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ အနောက်အလယ်ပိုင်းမှတဆင့် နယူးယောက်မှ ပထဝီဝင်ဒေသကို ရည်ညွှန်းတဲ့ “Rust Belt” ပြည်နယ်တချို့မှာ ထရမ့်ပ်အတွက် မဲပေးသူ တိုးလာစေဖို့ ကူညီပေးနိုင်မယ်လို့ မီဒီယာတွေက ခန့်မှန်းထားပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013