DVB Logo
Home
မြန်မာသတင်း
ဂဠုန်စစ်ကြောင်းက အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်
DVB
·
July 16, 2024
ဂဠုန်စစ်ကြောင်းက အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်
1 / 9
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဒေသ၊ စစ်ဒေသခွဲ ၃ ဂဠုန်စစ်ကြောင်းက ဦးစီးကျင်းပပြီး အမျိုးသမီးရဲဘော် ၄ ပုံ ၁ ပုံလောက် ပါဝင်တဲ့ အပတ်စဉ် ၅ စစ်သင်တန်းဆင်းပွဲကို ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်ရှိ KNDO တပ်ရင်း ၆ မှာ ဇူလိုင် ၁၄ ရက်က ကျင်းပခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းက ပြောပါတယ်။

ဂဠုန်စစ်ကြောင်းက ဦးစီးကျင်းပတဲ့ အခြေခံပညာစစ်သင်တန်း အပါတ်စဉ် ၅ ကို ၂၀၂၄ ဧပြီမှ ဇူလိုင်အထိ ၃ လကြာ ပြုလုပ်ခဲ့ပြီး မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA)၊ ကျားဖြူတပ်ခွဲ ၃၊ Lion Battalion အထူးကွန်မန်ဒိုစစ်ကြောင်း၊ ဂဠန်စစ်ကြောင်းနဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေ တက်ရောက်ခဲ့ပါတယ်။

စစ်သင်တန်းကို တက်ရောက်ခဲ့သူတွေမှာ စစ်ကောင်စီက စစ်မှုမထမ်းမနေရစနစ် ထုတ်ပြန်ပြီးမှ ရောက်ရှိလာတဲ့ လူငယ်လူရွယ် အများအပြား ပါဝင်တက်ရောက်ခဲ့ပြီး သင်တန်းသား စုစုပေါင်းရဲ့ ၄ ပုံ ၁ ပုံလောက်ဟာ အမျိုးသမီးရဲဘော်တွေ ဖြစ်တယ်လို့ ဂဠုန်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဒီသင်တန်းမှာ အမျိုးသမီးသင်တန်းသားက သင်တန်းသားစုစုပေါင်းရဲ့ ၄ ပုံ ၁ ပုံလောက်ကို ပါဝင်ခဲ့ပါတယ်ရှင့်။ တက်ရောက်တဲ့ သင်တန်းသား၊ သင်တန်းသူတွေကလည်း လူငယ်လူရွယ်တွေကြီးပဲ ဖြစ်သလို စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရစနစ်ကြောင့် ရောက်လာသူတွေက များပါတယ်ရှင့်။ သင်တန်းသားဦးရေကတော့ ကျ‌မတို့ဘက်က ထုတ်ပြန်လို့ မရသေးပါဘူး။”

သင်တန်းတက်ရောက်ခဲ့သူ အများစုဟာ လူငယ်လူရွယ်တွေဖြစ်ပေမဲ့ သူတို့အားလုံးဆီမှာ စစ်အာဏာရှင်ကို အစွမ်းကုန်‌ တွန်းလှန်တော်လှန်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်တခု ရှိနေတာကို သင်တန်းတလျှောက်လုံးမှာ သူတို့ရဲ့ ကြိုးစားမှုတွေကနေ မြင်ရပါတယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းရဲဘော်တွေအနေနဲ့ လက်ရှိ ကိုင်ဆောင်ထားတာ သေနတ်အစစ် မဟုတ်ပေမဲ့ ရဲဘော်တို့လက်ထဲမှာ လက်နက်ခဲယမ်းအစစ်များ တပ်ပြီးချိန်မှာ မိမိကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်းတွေဟာ ပြည်သူလူထုကာကွယ်ဖို့နဲ့ တော်လှန်ရေးတိုက်ပွဲမှာသာ အသုံးပြုဖို့ ဂဠုန်စစ်ကြောင်း ဒုစစ်ကြောင်းမှူး စိုးဝင်းက မိန့်ခွန်းပြောကြားခဲ့ပါတယ်။

“သေနတ်ကို ကိုင်လာပြီဆိုရင် သေနတ်ကို စည်းကမ်းရှိရမယ်။ ဒီသေနတ်ဟာ ငါတို့ပြည်သူတွေကို ရှင်းရှင်းပြောရင်တော့ မျက်စောင်းတောင် ငါတို့ထိုးလို့မရဘူး။ ငါတို့ပြည်သူကို အမြဲတမ်း မိဘနေရာထားမှ ဒီခရီးက ပိုမြန်လိုက်ပါမယ်။ ရဲဘော်တယောက် ဖြစ်လာပြီး ရဲဘော်တွေက တိုက်ခိုက်ရေးသမားတွေသာမက စည်းရုံးရေးသမားတွေပါ ဖြစ်ရမယ်” လို့ သင်တန်းဆင်းပွဲ အခမ်းအနားမှာ ဂဠုန်စစ်ကြောင်း ဒုစစ်ကြောင်းမှူး စိုးဝင်းက မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အခြေခံစစ်ပညာအပါတ်စဥ် ၅ သင်တန်းဆင်းပွဲကို ဂဠုန်စစ်ကြောင်း ဒုစစ်ကြောင်းမှူး စိုးဝင်း သာမက မဟာမိတ်တော်လှန်ရေးအင်အားစုများ ဖြစ်ကြတဲ့ မွန်ပြည်သစ်ပါတီ (NMSP-AD) က ဗိုလ်မှူးကြီး နိုင်အိမ့်ချမ်း၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) / တအောင်းတပ်မတော် (TNLA) မှ ပြင်ပမဟာမိတ်စစ်ရေးတာဝန်ခံ ဗိုလ်မှူးကြီး တာဆငည်းလေး၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၆ တပ်ရင်းမှူး မန်းဂျော်နီတို့လည်း တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013