DVB Logo
Home
မြန်မာသတင်း
တနှစ်ခွဲအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၇၀၀၀ ကျော်ရှိဟု NUG ထုတ်ပြန်
DVB
·
July 16, 2024
တနှစ်ခွဲအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၇၀၀၀ ကျော်ရှိဟု NUG ထုတ်ပြန်
1 / 2
Donate to DVB

၂၀၂၃ ခုနှစ်ကနေ အချိန် တနှစ်ခွဲကာလအတွင်း စစ်ကောင်စီကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်ပေါင်း ၇၀၀၀ ကျော်ကို မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး အဲဒီထဲမှာ တရားလက်လွတ် သတ်ဖြတ်ခြင်း (Extrajudicial Killing) က ကျုးလွန်မှု အရေအတွက်အားဖြင့် အများဆုံး ဖြစ်ပွားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။ 

NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ချိုး ဖောက်မှုတွေကို အမျိုးအစားအလိုက်၊ ဖြစ်ပွားရာဒေသအလိုက် နှိုင်းယှဉ်ဖော်ပြပြီး အစု အလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ လေကြောင်းတိုက် ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဖော်ပြထားကာ ၂၀၂၃ ခုနှစ်အတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၄,၆၅၆ ခုနဲ့ အခုနှစ် ပထမ ၆ လအတွင်းမှာ ဖြစ်စဉ်ပေါင်း ၃,၁၂၁ ခုကို မှတ်တမ်းတင်ထားနိုင်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ပစ္စည်းဥစ္စာတွေ ဖျက်စီးတာတွေနဲ့ မတရားဖမ်းဆီးတာတွေလည်း ဆိုးဆိုးရွား ရွားဖြစ်ပေါ်နေတာကို တွေ့ရှိရတယ်လို့ ဖော်ပြပါတယ်။ 

ဒေသအလိုက် ကျူးလွန်မှုတွေအနေနဲ့ စစ်ကိုင်းတိုင်းမှာ အခုအချိန်ထိ ဆိုးရွားများပြားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရင်ဆိုင်နေရဆဲဖြစ်သလို ရှမ်းပြည်နယ်မှာတော့ လူ့ အခွင့်အရေးချိုးဖောက်မှု နှစ်ဆတိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထူးထူးခြားခြား လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးမြင့်လာခဲ့တာကတော့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ဖြစ်ကာ ပြည်နယ်တခုလုံးမှာ ၂၀၂၃ ခုနှစ်က လူ့အခွင့်အရေးချိုးဖောက်မှု ၃၂၄ ခုသာ ရှိခဲ့ရာကနေ အခုနှစ် ပထမနှစ်ဝက်အတွင်းမှာတင် ၄၇၂ ခုထိ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဒေသအလိုက် သေဆုံးမှုမှာတော့ ပြီးခဲ့တဲ့ ခြောက်လတာအတွင်း စစ်ကိုင်းတိုင်းက သေဆုံးမှု အများဆုံးဖြစ်ကာ သူ့နောက်မှာတော့ ရခိုင်ပြည်နယ်၊ မကွေးနဲ့ မန္တလေးတိုင်းတွေက အသီးသီး ရှိနေတာပါ။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်တဲ့ နှိုင်ယှဉ်ချက်မှာတော့ ၂၀၂၃ တနှစ်လုံးမှာ ဖြစ်စဉ် ၈၇ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အနည်းဆုံး ၈၇၃ ဦး သေဆုံးခဲ့ပြီး ၂၀၂၄ ပထမနှစ်ဝက်အတွင်းမှာတော့ ဖြ့စ်စဉ် ၆၇ ခုက သေဆုံးသူ ၈၈၀ အထိ တိုးလာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတရပ်လုံး တန်းတူညီ မျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေး ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထားပြီးတော့  အကြမ်းဖက်စစ်အုပ်စုရဲ့ ကျုးလွန်မှုတွေကို အပြစ်ပေးအရေး ယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013