DVB Logo
Home
နိုင်ငံတကာ
ထိုင်းခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် ၉၃ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပေး 
DVB
·
July 15, 2024
ထိုင်းခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် ၉၃ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပေး 
Donate to DVB

နိုင်ငံပေါင်း ၉၃ နိုင်ငံက ခရီးသွားဧည့်သည်တွေကို ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်၊ ဒါမှမဟုတ် ဆိုက်ရောက်ဗီဇာ ရယူပြီး ရက်ပေါင်း ၆၀ အထိ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် ပေးမယ့် အစီအစဉ်ကို ဒီကနေ့ စတင်မှာဖြစ်တဲ့အကြောင်း The Nation ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီဆင်က ဇူလိုင် ၁၄ ရက် မနေ့က ပြောလိုက်တဲ့အပေါ် ကိုးကားပြီး ထိုင်းသတင်းမှာ ခုလိုဖော်ပြလိုက်တာဖြစ်ကာ လူဝင်မှုကြီးကြပ်ရေးနဲ့ လုံခြုံရေးအေဂျင်စီတွေရဲ့ ဆောင်ရွက်ချက်တွေဟာ ရေရှည်မှာ ချောမွေ့စွာ လည်ပတ်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

"တကယ်တော့၊ တရုတ်၊ အိန္ဒိယနဲ့ ကာဇက်စတန်နိုင်ငံတွေက ခရီးသွားတွေအတွက် ဗီဇာ ကင်းလွတ်ခွင့်အတွက် ပြင်ဆင်မှုအနေနဲ့ ပြီးခဲ့တဲ့နှစ်က စီမံချက်တွေကို အကောင်အထည်ဖော်ခဲ့တာပါ။"

ဗီဇာကင်းလွတ်ခွင့်ကို ဆိုက်ရောက်ဗီဇာနဲ့ ရက်ပေါင်း ၆၀ အထိ နေထိုင်ခွင့်ပြုတဲ့ နိုင်ငံတွေကတော့ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ နော်ဝေ၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ဗြိတိန်၊ အမေရိကန်နိုင်ငံတွေ အပါအဝင် ၅၇ နိုင်ငံ ရှိလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်က ဆိုက်ရောက်ဗီဇာနဲ့ ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ပြုခဲ့ပြီး ခုစည်း မျဉ်းသစ်အရ ရက်ပေါင်း ၆၀ အထိ နေထိုင်ခွင့်ပြုတဲ့ နိုင်ငံတွေထဲမှာတော့ အိန္ဒိယ၊ ကာဇက်စတန်၊ မက္ကဆီကို၊ ထိုင်ဝမ်၊ ဘူတန်နိုင်ငံတွေအပါအဝင် ၁၃ နိုင်ငံ ရှိလာမှာ ဖြစ်ပါတယ်။

ဆိုက်ရောက်ဗီဇာနဲ့ ရက်ပေါင်း ၆၀ အထိ နေထိုင်ခွင့်ပြုတဲ့ နိုင်ငံသစ်တွေအနေနဲ့ကတော့ တရုတ်၊ လာအို၊ မကာအို၊ ရုရှားနိုင်ငံတွေ အပါအဝင် ၆ နိုင်ငံရှိလာမယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်ဟာ ကမ္ဘာလုံးဆိုင်ရာနဲ့ ပြည်တွင်းစီးပွားရေးကဏ္ဍက ကြီးမားသော စိန်ခေါ်မှု တွေကို တုံ့ပြန်ဖို့အတွက် ခရီးသွားအစီအစဉ်တွေ ပြုပြင်ပြောင်းလဲမှုနဲ့အတူ စီးပွားရေး နှေးကွေးတာတွေနဲ့ အိမ်ထောင်စုကြွေးမြီတွေ မြင့်တက်လာတာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရအနေနဲ့ အခုနှစ်မှာ ကမ္ဘာလှည့်ခရီးသည် ၃၆ ဒသမ ၇ သန်းကို ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ထားပြီး ဝင်ငွေဘတ် ၂ ဒသမ ၃ ထရီလီယံအထိ ရရှိနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

Source: Nation

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013