DVB Logo
Home
အားကစား
ယူရိုပြိုင်ပွဲတွင် စပိန်ဗိုလ်စွဲပြီးနောက် မက်ဒရစ်မြို့တွင် ပရိသတ်များ အောင်ပွဲခံ
DVB
·
July 15, 2024
ယူရိုပြိုင်ပွဲတွင် စပိန်ဗိုလ်စွဲပြီးနောက် မက်ဒရစ်မြို့တွင် ပရိသတ်များ အောင်ပွဲခံ
Donate to DVB

ယူရို ၂၀၂၄ ပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲမှာ စပိန်အသင်းက အင်္ဂလန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲပြီးနောက် စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ စီဘီလက်စ်ရေပန်းမှာ ပရိသတ်များ စုဝေးအောင်ပွဲခံခဲ့ကြပါတယ်။

စပိန်အသင်းဟာ ၁၉၆၄၊  ၂၀၀၈ နဲ့ ၂၀၁၂ တို့မှာ ဗိုလ်စွဲခဲ့ဖူးတာကြောင့် ၄ ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့ပြီး ဥရောပဖလား အများဆုံးဆွတ်ခူးနိုင်ခဲ့တဲ့   အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

လက်ရှိစပိန်အသင်းဟာ ပြိုင်ပွဲတလျှောက် သရေကျတာမျိုးတောင်မရှိဘဲ ဗိုလ်လုပွဲအထိ ၇ ပွဲဆက်တိုက်အနိုင်ရရှိခဲ့တာပါ။

စပိန်အသင်းဟာ အင်္ဂလန်နဲ့ကစားခဲ့တဲ့ပွဲမှာ လူစားဝင်လာတဲ့ မိုက်ကယ်အိုယာဇဘဲလ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ စပိန်အသင်း ဗိုလ်စွဲခဲ့သလို စပိန်ကွင်းလယ်လူ ရိုဒရီကလည်း ပြိုင်ပွဲတလျှောက်အ ကောင်းဆုံး ကစားသမားဆုရရှိခဲ့ပါတယ်။

ယူအီးအက်ဖ်အေဟာ ပြိုင်ပွဲတလျှောက်အကောင်းဆုံး ကစားသမားဆုကို တဦးချင်းခြေစွမ်း၊ အသင်းအတွက် အထောက်အပံ့ဖြစ်မှုနဲ့ ပြိုင်ဘက်အပေါ်လေးစားမှုတို့အပေါ်မှုတည်ပြီး ရွေးချယ်တာဖြစ်ပါတယ်။

ရိုဒရီဟာ ယူရိုပြိုင်ပွဲမှာ ၅၂၁ မိနစ်ကစားခဲ့ပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့ကာ ဘောလုံးပေးပို့မှု ၄၁၁ ကြိမ် ရှိခဲ့ပါတယ်။

ရိုဒရီရဲ့ ဘောလုံးပေးပို့မှုက ၉၂ ဒသမ ၈၄ ရာခိုင်နှုန်း တိကျမှုရှိတယ်လို့လည်း ယူအီးအက်ဖ်အေမှတ်တမ်းတွေက ဖော်ပြပါတယ်။

ပြိုင်ပွဲတလျှောက် အကောင်းဆုံး လူငယ်ကစားသမားဆုကို ယာမဲလ်က ရရှိခဲ့ပြီး ဗိုလ်လုပွဲအတွက်  အကောင်းဆုံးကစားသမားဆုကိုတော့  နီကိုးဝီလျံက ရရှိပါတယ်။

စပိန်လူငယ်ကစားသမား ယာမဲလ်ဟာ ဒီပြိုင်ပွဲမှာ ၅၀၇ မိနစ် ပါဝင်ကစားခဲ့ပြီး ဆွဲပြေးမှု ၃၂ ကြိမ်နဲ့ ပြိုင်ပွဲမှာ အများဆုံးပြုလုပ်နိုင်ခဲ့ကာ ဂိုးပံ့ပိုးမှု ၄ ကြိမ်နဲ့ ဂိုးပံ့ပိုးမှုအများဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ စပိန်အသင်းအဖွင့်ဂိုးရအောင် ယာမဲလ်က ဖန်တီးပေးနိုင်ခဲ့တာတွေ့ရပါတယ်။ အသက် ၁၆ နှစ်သား ယာမယ်ဟာ ယူရိုပြိုင်ပွဲမှာ စပိန်အသင်းနဲ့ ဗိုလ်စွဲနိုင်ခဲ့တာက ကမ္ဘာဖလားနဲ့ ယူရိုတို့လိုအဓိက နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အသက်အငယ်ဆုံး ဖလားရတဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

စပိန်အသင်းအတွက်လည်း  နောက်ဆုံးကစားတဲ့ ယူရို ဗိုလ်လုပွဲ ၉ ပွဲအနက် ၂၀၀၀ ပြည့်နှစ် ချန်ပီယံ ပြင်သစ်၊ ၂၀၀၄ ချန်ပီယံ ဂရိအသင်းတို့ နောက်ပိုင်း ပုံမှန်ပွဲချိန်အတွင်း အနိုင်ရခဲ့တဲ့ တတိယမြောက်အသင်းဖြစ်လာ ပါတယ်။

Photo- Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013