DVB Logo
Home
နိုင်ငံတကာ
ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံရန်ပစ်ခတ်သူမှာ အနိုင်ကျင့်ခံရဖူးသူဖြစ်ဟု ကျောင်းနေဖက် ပြော
DVB
·
July 15, 2024
ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံရန်ပစ်ခတ်သူမှာ အနိုင်ကျင့်ခံရဖူးသူဖြစ်ဟု ကျောင်းနေဖက် ပြော
Donate to DVB

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံဖို့ ကြိုးစားမှုမှာ သေနတ်နဲ့ ပစ်ခတ်သူအဖြစ် ဖယ်ဒရယ်ထောက်လှမ်းရေးဗျူရို FBI က နာမည်ဖော်ထုတ်ထားတဲ့ သောမတ်စ် ခရွတ်ခ်စ်ဟာ အထက်တန်းကျောင်းသားဘဝက နေ့တိုင်း အနိုင်ကျင့်ခံရသူ တယောက် ဖြစ်တယ်လို့ အထက်တန်းကျောင်းမှာ ကျောင်းနေဖက်တယောက်က မီဒီယာကို ဇူလိုင် ၁၄ ရက်မှာ ပြောပါတယ်။

ဘေသယ်ပတ်ခ် အထက်တန်းကျောင်းကနေ ခရွတ်ခ်စ်ထက် တနှစ်စောပြီး အထက်တန်းအောင်ခဲ့တဲ့ ဂျေဆွန်ခိုလာက သူ့ကို အမြဲတမ်း တယောက်တည်း ဖြစ်နေခဲ့တဲ့ အပယ်ခံအဖြစ် ရည်ညွှန်းခဲ့တာပါ။

ကျောင်းမှာ ခရွတ်ခ်စ်နဲ့ ဘယ်လိုပတ်သက်မှုမှ မရှိပေမဲ့ ကျောင်းကို အမဲလိုက်ဝတ်စုံ ဝတ်လာပြီး ထမင်းစားချိန်မှာ တယောက်တည်းထိုင်နေတဲ့ သူ့ကို စကားပြောဖူးတယ်လို့ ခိုလာက ပြောပါတယ်။

ခရွတ်ခ်စ်ဟာ ကျောင်းရဲ့ ရိုင်ဖယ်အသင်းမှာ ပါဖူးတယ်လို့ ထင်ပေမဲ့ မသေချာဘူးလို့ အသက် ၂၁ နှစ်အရွယ် ဒေသခံက ဆက်ပြောပါတယ်။

ခရွတ်ခ်စ်ဟာ ၂၀၂၂ ခုနှစ်မှာ အထက်တန်းအောင်ခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ သင်္ချာနဲ့ သိပ္ပံပြိုင်ပွဲမှာ ကြယ်ဆုရခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၀၀ ဆုကြေးရခဲ့တယ်လို့ ပစ္စဘာ့ဂ် ထရီဗြွန်း ရီဗျူး သတင်းစာက ဆိုပါတယ်။

ဇူလိုင် ၁၃ ရက်က မဲဆွယ်ပွဲမှာ အမေရိကန်သမ္မတဟောင်းကို လုပ်ကြံဖို့ ကြိုးစားမှု သံသယရှိသူအဖြစ် အသက် ၂၀ အရွယ် သူ့ကို FBI က ဖော်ထုတ်ခဲ့ပါတယ်။

ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ဘတ္တလာမြို့မှာ စင်ပေါ်မှာမိန့်ခွန်းပြောနေတဲ့ ထရမ့်ပ်ကို ပစ်ခတ်အပြီး စက္ကန့်ပိုင်းအတွင်း ခရွတ်ခ်စ်ကို ထောက်လှမ်းရေးနဲ့ တန်ပြန်ထောက်လှမ်းရေးဌာန ဝန်ထမ်းက ပစ်သတ်ခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013