DVB Logo
Home
အားကစား
ကိုပါအမေရိကဖလား ၁၆ ကြိမ်မြောက် ဗိုလ်စွဲပြီး အာဂျင်တီးနားအသင်း အောင်ပွဲခံ (ဓာတ်ပုံ)
DVB
·
July 15, 2024
ကိုပါအမေရိကဖလား ၁၆ ကြိမ်မြောက် ဗိုလ်စွဲပြီး အာဂျင်တီးနားအသင်း အောင်ပွဲခံ (ဓာတ်ပုံ)
1 / 10
Donate to DVB

၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲမှာ  အာဂျင်တီးနားအသင်းက ကိုလံဘီယာကို အနိုင်ရကာ ၁၆ ကြိမ်မြောက် ဗိုလ်စွဲနိုင်ပြီး စံချိန်တင်နိုင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ မိုင်ယာမီမြို့ရှိ  Hard Rock အားကစားကွင်းကြီးမှာ  ဇူလိုင် ၁၅ ဒီနေ့မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗိုလ်လုပွဲစဉ်မှာ အာဂျင်တီးနားအတွက် တလုံးတည်းသော အနိုင်ဂိုးကို လူစားဝင်လာတဲ့ မာတီနက်ဇ်က အချိန်ပို  ၁၁၂ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီ ‌ခြေကျင်းဝတ်ဒဏ်ရာကြောင့် လူစားလဲခဲ့ရပေမဲ့ အာဂျင်တီးအသင်းအနိုင်ရအောင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ဒီပြိုင်ပွဲမှာ ဗိုလ်လုပွဲကိုတက်ခဲ့တဲ့ လမ်းကြောင်းတလျှောက် ၁ ဂိုးသာပေးခဲ့ရပြီး ပြိုင်ပွဲတလျှောက် ၁၂ ဂိုးသွင်းပြီး တိုက်စစ်အကောင်းဆုံးအသင်းဖြစ်တဲ့ ကိုလံဘီယာနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကိုလံဘီယာနဲ့တွေ့တိုင်း ခက်ခက်ခဲခဲကစားခဲ့ရပြီး မိနစ် ၉၀ အထိ ဂိုးမရှိသရေကျခဲ့ကာ အချိန်ပို ဒုတိယပိုင်းကျမှ  မာတီနက်ဇ်ရဲ့ နောက်ကျ သွင်းဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ အုပ်စုပွဲစဉ်ကတည်းက အာဂျင်တီးနားအသင်းအတွက် အဓိက ဂိုးတွေကို သွင်းယူပေးခဲ့သူဖြစ်ပြီး ပြိုင်ပွဲတလျှောက် သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးသွင်းဘုရင်ဆုရခဲ့ပါတယ်။ ကိုပါပြိုင်ပွဲအကောင်းဆုံးကစားသမားဆုကိုတော့ ကိုလံဘီယာ အသင်းခေါင်းဆောင် ဂျိမ်းရိုဒရီဂွတ်ဇ်က ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013