DVB Logo
Home
အားကစား
ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်း အောင်ပွဲခံ (ဓာတ်ပုံ)
DVB
·
July 15, 2024
ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်း အောင်ပွဲခံ (ဓာတ်ပုံ)
1 / 11
Donate to DVB

ယူရို ၂၀၂၄ နောက်ဆုံး ဗိုလ်လုပွဲအဖြစ် တနင်္ဂနွေနေ့ညက   စပိန်နဲ့ အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားကြတာမှာ စပိန်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရသွားပါတယ်။

စပိန်အတွက် အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်းပွဲချိန် ၄၇ မိနစ်မှာ ဝီလျံစ်က ၁ ဂိုးနဲ့  ပွဲချိန် ၈၆ မိနစ်မှာ မိုက်ခဲလ်အိုယာဇဘဲလ်က ၁ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး အင်္ဂလန်အတွက် ချေပဂိုးကိုတော့ ပွဲချိန် ၇၃ မိနစ်မှာ လူစားဝင်ကစားသမား ပေါလ်မာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

စပိန်အသင်းဟာ အခုနှစ်ပြိုင်ပွဲမှာ  ၄ ကြိမ်မြောက် ချန်ပီယံဆုဖလားကို ရရှိခဲ့တာဖြစ်ပြီး  ယူရိုပြိုင်ပွဲရဲ့ ဆုဖလားအများဆုံးအသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် စပိန်အသင်းဟာ အခုနှစ်ပြိုင်ပွဲယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ် ၇ ပွဲစလုံးမှာ အနိုင်ရခဲ့ပြီး အဓိက နိုင်ငံတကာပြိုင်ပွဲတခုမှာ ၇ ပွဲဆက်တိုက်အနိုင်ရခဲ့တဲ့ ပထမဆုံး ဥရောပအသင်း အဖြစ်လည်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။ 

ဒီနှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကိုတော့ စပိန်ကွင်းလယ်ကစားသမား ရိုဒရီက ရရှိသွားသလို အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း အသက် ၁၆ နှစ်အရွယ် စပိန်တောင်ပံကစားသမား လာမိန်းယာမဲလ်က ရရှိသွားပါတယ်။

အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ ဒီပြိုင်ပွဲမှာ ၃ ဂိုးသွင်းယူခဲ့ပြီး တခြား ကစားသမား ၅ ဦးနဲ့အတူ ပြိုင်ပွဲ တလျှောက်သွင်းဂိုးအများဆုံးသူကိုချီးမြှင့်တဲ့  ရွှေဖိနပ်ဆု ရရှိခဲ့ပါတယ်။ 

အင်္ဂလန်အသင်းကတော့ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားရပြီးကတည်းက  နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆုဖလားမရတာ နှစ်ပေါင်း ၅၈ နှစ်ကြာရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013