DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် ပစ်ခတ်ခံရမှုနှင့်ပတ်သက်သည့် လျှို့ဝှက်ကြံစည်မှု အယူအဆမျိုးစုံ ပျံ့နှံ့နေ
DVB
·
July 14, 2024
ထရမ့်ပ် ပစ်ခတ်ခံရမှုနှင့်ပတ်သက်သည့် လျှို့ဝှက်ကြံစည်မှု အယူအဆမျိုးစုံ ပျံ့နှံ့နေ
Donate to DVB

ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်ကို လုပ်ကြံဖို့ ကြိုးစားတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့အပြီးမှာ လျှို့ဝှက်ပူးပေါင်းကြံစည်မှု သီအိုရီတွေ၊ မဟုတ်မမှန်စွပ်စွဲမှုတွေ၊ အထောက်အထားမရှိတဲ့ ပြောဆိုချက်တွေ အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။

ဒီသေနတ်သမားက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မှန်းဆချက်တွေကနေ၊ ဒါဟာ ဇာတ်လမ်းဆင်ထားတဲ့ ကိစ္စဆိုတဲ့ ပြောဆိုချက်မျိုးတွေဟာ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။

ဖြစ်စဉ် အသေးစိတ်အချက်အလက်တွေ ထွက်မလာသေးတဲ့အတွက် လျှို့ဝှက်ကြံစည်မှု သီအိုရီသမားတွေ၊ နိုင်ငံရေးကစားသူတွေ၊ လူမှုမီဒီယာမှာ လူကြိုက်များအောင်လုပ်သူတွေက အတည်မပြုနိုင်တဲ့၊ သက်သေမရှိတဲ့ ပြောဆိုချက်မျိုးစုံနဲ့ လူစိတ်ဝင်စားအောင် ဆွဲဆောင်နေကြပါတယ်။

လူမှုကွန်ရက် X မှာ အဲဒီလိုသီအိုရီနဲ့ သတင်းမှားတွေ ဆိုးဆိုးရွားရွားပျံ့နှံ့နေတယ်လို့ CNBC ရုပ်သံက ဖော်ပြပါတယ်။

X  လူမှုကွန်ရက်မှာ အထင်ရှားဆုံး စကားလုံးဟာ “ထရမ့်ပ်” ဆိုတာ ပြီးရင် “ဇာတ်လမ်းဆင်(staged)” ဆိုတဲ့ စကားလုံးဖြစ်လာပါတယ်။

ဒီပစ်ခတ်မှုဟာ ဇာတ်လမ်းဆင်ထားတာလို့ စွပ်စွဲတဲ့ပို့စ်တွေဟာ ကြည့်ရှုသူ သန်းချီရှိပါတယ်။ ဖြစ်စဉ်မှာ ထရမ့်ဟာ နားရွက်ကိုရှပ်ထိပြီး အသက်ဘေးက ကပ်လွတ်ခဲ့ရသလို မဲဆွယ်ပွဲတက်ရောက်သူတဦးလည်း သေဆုံးခဲ့တာဖြစ်ပြီး လုပ်ဇာတ်လို့ ပြောနိုင်စရာ အထောက်အထား ရှိမနေပါဘူး။

ဒါ့အပြင် “အန်တီဖာ (Antifa)” ဆိုတဲ့ စကားလုံးလည်း ထင်ရှားခဲ့ပြီး အမေရိကန်က လက်ဝဲယိမ်း ဖက်ဆစ်ဆန့်ကျင်ရေး၊ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး အင်အားစုဖြစ်တဲ့ အန်တီဖာအဖွဲ့က လုပ်ကြံတယ်ဆိုတာမျိုး စွပ်စွဲမှုတွေ ပေါ်ထွက်လာပါတယ်။

ဒါပေမဲ့ ဘာအထောက်အထားမှ ရှိမနေပါဘူး။ နေကာမျက်မှန်တပ်ပြီး ဦးထုပ်အနက်ဆောင်းထားတဲ့သူ လူတဦးရဲ့ ပုံရိပ် Youtube မှာ တက်လာပြီး “တရားမျှတမှု ရတော့မယ်” ဆိုတဲ့စာမျိုး အဲ့ဒီလူက မပစ်ခတ်ခင် ရေးတင်ခဲ့တယ်ဆိုတာမျိုးတွေ ပျံ့နှံ့ခဲ့ပါတယ်။

ဒါကလည်း သတင်းတုသာ ဖြစ်ခဲ့ပါတယ်။  အဲဒီပုံထဲက လူဟာ အီတလီက ယူကျုဘာဖြစ်ပြီး ဘောလုံးပွဲအကြောင်းတွေ  vlog ရိုက်တဲ့သူသာ ဖြစ်ပါတယ်။ 

လျှို့ဝှက်ပူးပေါင်းကြံစည်မှု သီအိုရီတွေ ထုတ်တဲ့နေရမှာ ထင်ရှားသူ အဲလက်စ်ဂျုံဂစ်ကလည်း တိုက်ရိုက်လွှင့်ပြီး သူ့အယူအဆတွေကို တင်ပြခဲ့ရာမှာ အထူးလူစိတ်ဝင်စားခံခဲ့ရပါတယ်။ ရီပတ်ဘလီကန်တွေက စီအိုင်အေနဲ့ ပေါင်းပြီး ထရမ့်ပ် နာမည်ကြီးအောင်လုပ်တယ်ဆိုတဲ့ အယူအဆတွေလည်း လူမှုကွန်ရက် X မှာ ပျံ့နှံ့နေပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013