DVB Logo
Home
နိုင်ငံတကာ
သမ္မတ နေရာအတွက် ထရမ့်ပ်ကို ထောက်ခံကြောင်း အယ်လွန်မက်စ် ကြေညာ
DVB
·
July 14, 2024
သမ္မတ နေရာအတွက် ထရမ့်ပ်ကို ထောက်ခံကြောင်း အယ်လွန်မက်စ် ကြေညာ
Donate to DVB

လုပ်ကြံမှုဘေးက လွတ်မြောက်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ပ်ကို အမေရိကန်သမ္မတ နေရာအတွက် ထောက်ခံအဆိုပြုကြောင်း တက်စလာစီအီးအို ဘီလျံနာ အယ်လွန်မက်စ်က ပထမဆုံးအကြိမ် တရားဝင်ထုတ်ပြန်ခဲ့ပြီး မာကျောတဲ့သူဖြစ်ကြောင်းပါ ချီးကျူးခဲ့ပါတယ်။  

မက်စ်ဟာ အရင်က ဒီမိုကရက်တွေဘက်က ရပ်တည်ခဲ့သူဖြစ်ပြီး အရင်ရွေးကောက်ပွဲတွေမှာ  ဟီလာရီကလင်တန်နဲ့ ဂျိုးဘိုင်ဒင်တို့ကို မဲပေးခဲ့သူ ဖြစ်ပါတယ်။ 

ပစ်ခတ်လုပ်ကြံခံခဲ့ရပြီး မျက်နှာမှာ သွေးသံရွှဲရွှဲနဲ့လက်သီးလက်မောင်းတန်းနေတဲ့ ထရမ့်ပ်ရဲ့ ဗီဒီယိုကို  ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အယ်လွန်မက်စ်က သူ့လူမှုကွန်ရက် X မှာတင်ခဲ့ပြီး ထောက်ခံကြောင်းပါ ကြေညာသွားခဲ့တာပါ။  

ဒါဟာ မက်စ်ရဲ့ လက်ယာယိမ်းနိုင်ငံရေးဘက်ကို ဦးတည်လာမှုကို ပြသလိုက်တာဖြစ်သလို နိုဝင်ဘာ ၅ ရွေးကောက်ပွဲအတွက် ထရမ့်ပ်ဘက်က အတိအလင်း ရပ်တည်လိုက်တာ ဖြစ်ပါတယ်။

“သမ္မတထရမ့်ပ်ကို ကျနော် အပြည့်အဝ ထောက်ခံ အဆိုပြုပါတယ်၊ အမြန်ပြန်သက်သာလာဖို့ မျှော်လင့်ပါတယ်” လို့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။  

သမ္မတ ဂျိုးဘိုင်ဒင်ကို ဝေဖန်မှုတွေလုပ်ခဲ့တဲ့ မက်စ်ဟာ ထရမ့်ပ် ပြန်လည်ရွေးကောက်ခံရရေး လှုပ်ရှားနေတဲ့ နိုင်ငံရေးအုပ်စုတွေကို လှူဒါန်းမှုတွေ လုပ်ထားတယ်လို့လည်း ဘလွန်းဘာ့ဂျ် သတင်းဌာနက ဖော်ပြပါတယ်။ 

လူဖြူတောင်အာဖရိကနွယ်ဖွား  လုပ်ငန်းရှင်ကြီး မက်စ်ရဲ့ ထောက်ခံမှုဟာ ထရမ့်အပေါ် အကြီးအကျယ် သက်ရောက်နိုင်ပါတယ်။ 

သူဟာ သူ ဝယ်ထားတဲ့ လူမှုကွန်ရက် X မှာ ဖော်လိုဝါ ၁၈၉ သန်းကျော်ရှိပြီး သူ့အယူအဆ သဘောထားတွေကို နှစ်သက်လက်ခံသူလည်း အမြောက်အမြားရှိနေပါတယ်။ 

ဒါပေမဲ့ နောက်ပိုင်းကာလတွေမှာ မက်စ်ဟာ လက်ယာယိမ်းအမြင်တွေကို လက်ခံလာခဲ့ပြီး ဘိုင်ဒင်ရဲ့ ရွှေ့ပြောင်း အခြေချမှုဆိုင်ရာ မူဝါဒတွေကို ဝေဖန်ခဲ့သလို သူပိုင်တဲ့ တက်စ်လာနဲ့ SpaceX ကုမ္ပဏီတို့ကို ဒီမိုကရက်တွေက အရေးမထားတဲ့အပေါ်လည်း အတိအလင်း ဝေဖန်ခဲ့သူဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013