DVB Logo
Home
အားကစား
အာဂျင်တီးနားကို အနိုင်ယူရန် အကောင်းဆုံးခြေစွမ်း ရရန်လိုဟု ကိုလံဘီယာနည်းပြ သုံးသပ်
DVB
·
July 14, 2024
အာဂျင်တီးနားကို အနိုင်ယူရန် အကောင်းဆုံးခြေစွမ်း ရရန်လိုဟု ကိုလံဘီယာနည်းပြ သုံးသပ်
Donate to DVB

ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားကို အနိုင်ရဖို့အတွက် အကောင်းဆုံးခြေစွမ်းရဖို့ လိုအပ်ကြောင်း ကိုလံဘီယာနည်းပြ လော်ရန်ဇိုက ပြောသွားပါတယ်။

ကိုလံဘီယာအသင်းဟာ  ၂၀၀၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကိုပါအမေရိကဖလားဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာပါ။

အရာအားလုံးရဲ့ ချန်ပီယံဖြစ်တဲ့ အာဂျင်တီးနားကို အနိုင်ရဖို့ဆိုရင် ကိုလံဘီယာအသင်းရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ထုတ်ပြသနိုင်ဖို့လိုအပ်တယ်လို့ နည်းပြလော်ရန်ဇိုက ပြောပါတယ်။

အာဂျင်တီးနားကို အနိုင်ယူဖို့က အကောင်းဆုံးလေ့ကျင့်ပြင်ဆင်ထားဖို့လည်း လိုအပ်ပြီး အလွန်တောင်းဆိုမှုများတဲ့ ပွဲစဉ်ဖြစ်ကြောင်းလည်း ကိုလံဘီယာနည်းပြက ပြောပါတယ်။

အာဂျင်တီးနားကစားသမား ဒီမာရီယာက ဗိုလ်လုပွဲစဉ်အပြီးမှာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူမှာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013