DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်ကို လုပ်ကြံရန်ကြိုးပမ်းမှု ကမ္ဘာ့ခေါင်းဆောင်များ ရှုတ်ချ
DVB
·
July 14, 2024
ထရမ့်ပ်ကို လုပ်ကြံရန်ကြိုးပမ်းမှု ကမ္ဘာ့ခေါင်းဆောင်များ ရှုတ်ချ
1 / 7
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ ပင်ဆီလ်ဗေးနီးယားပြည်နယ်မှာ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် မဲဆွယ်မိန့်ခွန်းပြောစဉ် ညာဘက်နားကို ပစ်ခတ်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေက ရှုတ်ချခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ မဲဆွယ်ပွဲတက်ရောက်သူ တဦးနဲ့ သေနတ်သမား တဦးသေဆုံးခဲ့ပါတယ်။ နိုင်ငံအများအပြားက ခေါင်းဆောင်တွေဟာ ဒီဖြစ်စဉ်အတွက် အံ့ဩတုန်လှုပ်ကြောင်းနဲ့ နိုင်ငံရေးအကြမ်းဖက်မှုကို ရှုတ်ချကြောင်း၊ ထရမ့်ပ် အမြန်သက်သာပါစေကြောင်း ဆုတောင်းခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီဂူတာရက်စ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဒီပစ်ခတ်မှုဟာ နိုင်ငံရေးအကြမ်းဖက်မှု ဖြစ်တယ်လို့ ရှုတ်ချပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါကတော့ ဒီမိုကရေစီကို စိန်ခေါ်နေတဲ့ ဘယ်အကြမ်းဖက်မှုပုံစံမျိုးမဆို ဆန့်ကျင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာကတော့ လူ့အဖွဲ့အစည်းထဲမှာ နိုင်ငံရေးအကြမ်းဖက်မှုဆိုတာ နေရာမရှိသင့်ဘူးလို့ ပြောကြားခဲ့ပြီး ထိခိုက်သူတွေ အားလုံးအတွက် စာနာကြောင်း ထုတ်ပြန်ပါတယ်။

ဩစတြေးလျဝန်ကြီးချုပ် အန်ထိုနီ အယ်လ်ဘနိစ်ကတော့ ဒီလို ပစ်ခတ်မှုမျိုးဟာ ပူပန်စရာကောင်းတယ်လို့ ထုတ်ပြန်ပါတယ်။

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးကတော့ ဝမ်းနည်း စိတ်ပျက်ရပြီး နိုင်ငံရေးအကြမ်းဖက်မှုမျိုးကို ဘယ်တော့မှ လက်မခံမှာမဟုတ်ဘူးလို့ဆိုပါတယ်။

အစ္စရေး၊ ဟန်ဂေရီ၊ ဘရာဇီး၊ အိန္ဒိယ ဝန်ကြီးချုပ်တွေကလည်း စိုးရိမ်မိကြောင်းနဲ့ ထရမ့်ပ် ပြန်သက်သာလာစေဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။

ပစ်ခတ်မှုအတွင်း တခြားလူတဦးလည်း ထိခိုက်မိတယ်လို့ လျှို့ဝှက်ထောက်လှမ်းရေးက ထုတ်ပြန်ပြီး အခုဖြစ်စဉ်ကို လုပ်ကြံဖို့ ကြိုးစားမှုအဖြစ် သတ်မှတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ထရမ့်ပ်ဟာ သူ့ ညာဘက် နားအပေါ်ပိုင်းပစ်ခတ်ခံရမှုကို လူမှုကွန်ရက်မှာ တင်ထားပြီး သွေးအများကြီးထွက်နေတယ်လို့ ပြထားပါတယ်။ ဒါပေမဲ့ အခြေအနေကောင်းမွန်ပြီး ကုသမှု ခံယူပြီးလို့ ဆေးရုံက တောင်ဆင်းပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013