DVB Logo
Home
နိုင်ငံတကာ
ဒေါ်နယ်ထရမ့်ပ် မဲဆွယ်စဉ် ပစ်ခတ်လုပ်ကြံခံရ၍ ဒဏ်ရာရ၊ သေနတ်သမားနှင့် ပရိသတ်တဦး သေဆုံး 
DVB
·
July 14, 2024
ဒေါ်နယ်ထရမ့်ပ် မဲဆွယ်စဉ် ပစ်ခတ်လုပ်ကြံခံရ၍ ဒဏ်ရာရ၊ သေနတ်သမားနှင့် ပရိသတ်တဦး သေဆုံး 
Donate to DVB

ပင်ဆီလ်ဗေးနီးယားပြည်နယ်၊ ဘတ္တလာမှာ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့် မဲဆွယ် စည်းရုံးနေချိန်မှာ ပစ်ခတ်လုပ်ကြံခံခဲ့ရပြီး အသက်မသေဘဲ လွတ်မြောက်သွားခဲ့ပေမဲ့ ဒဏ်ရာရသွားခဲ့ပါတယ်။ 

လုပ်ကြံဖို့ ကြိုးပမ်းသူ သေနတ်သမားနဲ့ မဲဆွယ်ပွဲတက်သူ တဦး သေဆုံးခဲ့ပြီး နောက်ထပ် တဦးလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။  

ထရမ့်ပ်ဟာ ပစ်ခတ်ခံရပြီး ဒဏ်ရာရခဲ့ပါတယ်။ ကြမ်းပေါ်ကို လဲကျသွားပြီး လျှို့ဝှက်ထောက်လှမ်းရေးတွေက ဝန်းရံကာကွယ်ပေးခဲ့ပါတယ်။ 

မိန့်ခွန်းပြောနေချိန်မှာ သေနတ်သံ ကြားခဲ့ရပြီး သူ့ကို ကယ်ထုတ်သွားချိန်မျက်နှာမှာ သွေးတွေ ပေနေတာ တွေ့ခဲ့ရပါတယ်။ 

ထရမ့်ပ် ဘေးကင်းတယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပြီး အခုပစ်ခတ်မှုဟာ လုပ်ကြံရန် ကြိုးပမ်းမှုအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ 

သမ္မတ ဂျိုးဘိုင်ဒင်က ဒီဖြစ်စဉ်ကို အပြင်းအထန် ရှုတ်ချခဲ့ပြီး ထရမ့်ပ် ဘေးကင်းတာ ကျေးဇူးတင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013