DVB Logo
Home
အားကစား
နစ္စတယ်ရွိုင်းက မန်ယူအသင်းရဲ့ စရိုက်လက္ခဏာကို ပြန်လည်ယူဆောင်ပေးမည်
DVB
·
July 14, 2024
နစ္စတယ်ရွိုင်းက မန်ယူအသင်းရဲ့ စရိုက်လက္ခဏာကို ပြန်လည်ယူဆောင်ပေးမည်
Donate to DVB

လက်ထောက်နည်းပြ နစ္စတယ်ရွိုင်းက အသင်းရဲ့စရိုက်လက္ခဏာတွေကို ပြန်လည်ယူဆောင်ပေးနိုင်လိမ့်မယ်လို့ နည်းပြ အဲရစ်တန်ဟတ်ဂ်က ပြောသွားပါတယ်။

ဟော်လန်တိုက်စစ်မှူးဟောင်း အသင်းကနေ ထွက်ခွာပြီး ၁၈ နှစ် အကြာမှာ လက်ထောက်နည်းပြအဖြစ် ပြန်လည်ရောက်ရှိလာခဲ့တာပါ။

နစ္စတယ်ရွိုင်းဟာ အသင်းရှိ ကစားသမားအားလုံးရဲ့ အတုယူစရာ စံပြကစားသမားဖြစ်ပြီး တချိန်က မန်ယူအသင်းရဲ့ စရိုက်လဏ္ခဏာနဲ့ အသွေးအသားတွေကို ပြန်လည်ယူဆောင်ပေးလိမ့်မယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

နစ္စတယ်ရွိုင်းဟာ မန်ယူအသင်းမှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ စုစုပေါင်း  ၂၁၉ ပွဲ ကစားခဲ့ပြီး ဂိုး ၁၅၀ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

နစ္စတယ်ရွိုင်းဟာ ကစားသမား အတွေ့အကြုံတွေအပြင် နည်းပြအတွေ့အကြုံတွေကိုလည်း ဟော်လန်အသင်းနဲ့ ပီအက်စ်ဗွီအသင်းတွေမှာ လေ့လာသင်ယူခဲ့ပြီးဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013