DVB Logo
Home
မြန်မာသတင်း
Kpay နှင့် Wave Pay ငွေထုတ်ခများ ၅  ရာခိုင်နှုန်းအထိ တိုးကောက်
DVB
·
July 13, 2024
Kpay နှင့် Wave Pay ငွေထုတ်ခများ ၅  ရာခိုင်နှုန်းအထိ တိုးကောက်
Donate to DVB

ရန်ကုန်မှာရှိတဲ့ ငွေလွှဲ၊ ငွေထုတ် ကိုယ်စားလှယ်ဆိုင်တွေဟာ Kpay နဲ့ ငွေထုတ်ခတွေကို  ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်း ကနေ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံနေတယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်တွေကို နေပြည်တော်မှာခေါ်ယူတွေ့ဆုံခဲ့ပြီးတဲ့နောက် ဇူလိုင် ၂ ရက်ကစတင်ပြီး ဘဏ်တွေက ငွေထုတ်ယူမှုတွေကို အကန့်အသတ်နဲ့ပြုလုပ်လာသလို Kpay နဲ့ Wave Pay ငွေထုတ်ခတွေလည်း မြင့်တက်လာပြီး လိုသလောက် ထုတ်ယူလို့မရတော့ဘူးလို့ ရန်ကုန်မြို့ခံတွေနဲ့ ငွေလဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

“ကျနော်တို့ကတော့ ၃ ရာခိုင်နှုန်းနဲ့ပဲ ထုတ်ပေးနေပါသေးတယ်။ တခြား ကိုယ်စားလှယ်တွေကတော့ ၅ ရာခိုင်နှုန်းအထိ ကောက်နေကြပါတယ်။ ငွေကြေးပမာဏတော့ ကန့်သတ်ချက်တွေတော့ရှိတယ်။ ကေပေးဆိုရင်တော့ အများဆုး တသိန်းပဲ ထုတ်ပေးနိုင်ပါတော့တယ်။ wave ဆိုရင်တော့ သောင်းဂဏန်းလောက်ပဲ ထုတ်ပေးနိုင်ပါတယ်။”

လက်ရှိမှာ ရန်ကုန်မြို့က ပြည်သူတွေအနေနဲ့ ပုဂ္ဂလိက ဘဏ်တွေမှာ ငွေထုတ်ဖို့ အခက်အခဲဖြစ်နေတဲ့အပြင် ငွေလွှဲငွေထုတ်လုပ်တဲ့ ကိုယ်စားလှယ်ဆိုင်တွေမှာပါ ငွေထုတ်ဖို့ အကန့်အသတ်တွေ ရှိလာသလို ကိုယ်စားလှယ်ဆိုင်တွေအနေနဲ့လည်း ဘဏ်ကငွေ ပြန်ထုတ်လို့မရတဲ့ အခြေအနေတွေကြောင့် အခုလို ကန့်သတ်နေရတာလို့ သိရပါတယ်။

Kpay ထုတ်ယူခဲ့သူတဦးက“အခု အကုန်ဒုက္ခရောက်နေတာ။ တသိန်းအထက်ထုတ်မယ်ဆိုရင် အကောင့်ရှိတဲ့သူ နှစ်ဦးပေါင်းထုတ်ရတာမျိုးဖြစ်နေတာ။ ငွေလွှဲတာတော့မကန့်သတ်ထားဘူး။ ငွေထုတ်တာကို အရင်လိုထုတ်မပေးတော့တာ” လို့ ပြောပါတယ်။

အခုအခါ ဘဏ်တွေမှာ ငွေထုတ်ဖို့အတွက် ရိုးရိုးဘဏ်အကောင့်ကနေ Special  Account ထဲကိုလည်း ငွေလွှဲမရဘဲ၊ Special Account ကလည်း လိုသလောက်ထုတ်မရသလို Kpay ကနေလည်း Special Account ထဲကို ​ငွေရွှေ့မရပါဘူး။ ​Kpay နဲ့ ချိတ်ထားတဲ့အကောင့်ထဲ လွှဲရင်လည်း အရင်က ၁၀ သိန်းထိလွှဲမယ်ဆိုရင်တောင် အခမဲ့ဆိုပေမဲ့ အခုအခါ ၁ သိန်းလွှဲရင် ကျပ် ၁၀၀၀ ဖြတ်တောက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013