DVB Logo
Home
အားကစား
အင်္ဂလန်က နယ်သာလန်ကိုနိုင်ပြီး နောက်ဆုံးဗိုလ်လုပွဲတက်
DVB
·
July 11, 2024
အင်္ဂလန်က နယ်သာလန်ကိုနိုင်ပြီး နောက်ဆုံးဗိုလ်လုပွဲတက်
Donate to DVB

ဒီနေ့မနက်အစောပိုင်းက ဂျာမနီနိုင်ငံ ဒေါ့မွန်းကွင်းမှာ ကန်သွားတဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းက နယ်သာလန်အသင်းကို  (၂-၁) ဂိုးနဲ့အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။

ဒီပွဲမှာ နယ်သာလန်အသင်းက ဇာဗီဆိုင်မွန်စ်က ပွဲစပြီးမကြာခင် ၇ မိနစ်မှာပဲ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့လို့ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ပထမပိုင်းပွဲချိန် ၁၈ မိနစ်မှာတော့ အင်္ဂလန်အသင်းရရှိတဲ့ ပင်နယ်တီကို ဟယ်ရီကိန်းက ကန်သွင်း ယူနိုင်ခဲ့လို့  တဖက် ၁ ဂိုးစီ သရေကျနေခဲ့ပါတယ်။ 

ဒုတိယပိုင်း ပွဲပြီးခါနီး မိနစ် ၉၀ မှာတော့ လူစားဝင်ကစားသမား ဝက်ကင်စ်က အနိုင်ဂိုး သွင်းယူ နိုင်ခဲ့လို့   အင်္ဂလန်အသင်း ဗိုလ်လုပွဲကို ၂ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာပါ။

နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့   နောက်ဆုံးဗိုလ်လုပွဲမှာတော့ ပြင်သစ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်လာတဲ့ စပိန်အသင်းနဲ့ ဘာလင်မြို့မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ 

Photo- Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013