DVB Logo
Home
နိုင်ငံတကာ
Samsung စက်ရုံ အလုပ်သမားသပိတ် ရက်အကန့်အသတ်မရှိ တိုးမြှင့်
DVB
·
July 10, 2024
Samsung စက်ရုံ အလုပ်သမားသပိတ် ရက်အကန့်အသတ်မရှိ တိုးမြှင့်
Donate to DVB

တောင်ကိုရီးယားနိုင်ငံ Samsung Electronic စက်ရုံကို အလုပ်သမားအဖွဲ့ရဲ့ သပိတ်မှောက်မှု ရက်ကန့်သတ်မထားကြောင်း အလုပ်သမားတွေရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။

အလုပ်သမားအဖွဲ့က ၃ ရက် သပိတ်မှောက်ဖို့ သတ်မှတ်ခဲ့ပေမဲ့ တာဝန်ရှိသူတွေက ဆွေးနွေးခြင်းမရှိလို့ သပိတ်မှောက်ရက်ကို အကန့်အသတ်မရှိ သတ်မှတ်ခဲ့တာပါ။

Samsung Electronic ကို အလုပ်သမားတွေက တနင်္ဂလာနေ့မှာ သပိတ်မှောက်ခဲ့တာဖြစ်ပြီး အလုပ်သမား ၃၀,၀၀၀ ဆန္ဒပြနေတာဖြစ်ကာ ဒီဆန္ဒပြမှုက ကုန်ထုတ်လုပ်မှုကို ထိခိုက်မှာမဟုတ်ဘူးလို့ Samsung ကုမ္ပဏီက အစောပိုင်းမှာ ထုတ်ပြောထားပါတယ်။

ဒါပေမဲ့ Samsung ရဲ့ ရှယ်ယာနှုန်းတွေက ဗုဒ္ဓဟူးနေ့မနက်မှာ ၀ ဒသမ ၃၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

အလုပ်သမားတွေဟာ လုပ်အားခ၊ အားလပ်ရက်၊ အပိုဆုကြေးပေးမှုတို့နဲ့ ပတ်သက်ပြီး မကျေနပ်ရာကနေ သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ Samsung Electronics အတွက် နှစ်ပေါင်း ၅၅ နှစ်အတွင်း ပထမဆုံးအကြိမ် အလုပ်သမားသပိတ်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်ထဲမှာ ၁ လကို ကိုရီးယားဝမ် ၁၁၁,၂၀၀ ကို အခြေခံလစာထဲမှာ ထပ်ပေါင်းပေးဖို့၊ အပိုဆုကြေးနဲ့ ကုမ္ပဏီရဲ့ ရှယ်ယာတွေကို အလုပ်သမားတွေထံ ခွဲဝေပေးဖို့ စတဲ့အချက်တွေ ပါပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013