DVB Logo
Home
နိုင်ငံတကာ
ဆမ်ဆောင်း သုံးလပတ်အမြတ် ၁၅ ဆ ခုန်တက်
DVB
·
July 7, 2024
ဆမ်ဆောင်း သုံးလပတ်အမြတ် ၁၅ ဆ ခုန်တက်
Donate to DVB

ကမ္ဘာတဝန်း AI နည်းပညာဖွံ့ဖြိုးမှု အရှိန်မြင့်လာတာနဲ့အမျှ  Memory chip  ဝယ်လိုအား ပြန်လည်အားကောင်းလာချိန်မှာ ဆမ်ဆောင်းအီလက်ထရောနစ်ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်းဟာ ၂၀၂၄  ဒုတိယသုံးလပတ်မှာ ၁၅ ဆတောင် ခုန်တက်ခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး memory chip နဲ့ စမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ ဆမ်ဆောင်းဟာ ဇွန်လမှ အဆုံးသတ်တဲ့ သုံးလပတ် လုပ်ငန်းလည်ပတ်မှုအမြတ်ဟာ  ဝမ်ငွေ ၁၀ ဒသမ ၄ ထရီလီ  (ဒေါ်လာ ၇ ဘီလီယံခွဲ) အထိ ရှိခဲ့ပါတယ်။

ဒါဟာ သုံးလပတ်ချင်းနှိုင်းယှဉ်မှုအရ မနှစ်က ဒုတိယသုံးလပတ်နဲ့ ယှဉ်ရင် အမြတ် ၁၅ ဆ တိုးလာတာဖြစ်ပါတယ်။

ဒီသတင်းကြောင့် ဆမ်ဆောင်းစတော့စျေးဟာလည်း ၂၀၂၁ ဇန်နဝါရီ နောက်ပိုင်း အမြင့်ဆုံးအဖြစ် ၃ ရာခိုင်နှုန်းတောင် ခုန်တက်ခဲ့ပါတယ်။

ကိုဗစ်ကာလအလွန်မှာ ဆိုးဆိုးရွားရွားအကျဘက်ရောက်ခဲ့တဲ့  Memory chip စျေးကွက်ဟာ ဒေတာစင်တာ တွေ၊ AI နည်းပညာတွေခေတ်ကောင်းမှုနဲ့အတူ ဒီနှစ်မှာ တဟုန်ထိုး အားကောင်းလာ ပါတယ်။

ဝယ်လိုအားများတာကြောင့် Memory chip ပြားစျေးနှုန်းဟာလည်း မနှစ်က အလားတူ သုံးလပတ်နဲ့ ယှဉ်ရင် ၁၅ ရာခိုင်နှုန်းတောင် တက်သွားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013