DVB Logo
Home
နိုင်ငံတကာ
ကက်ရှ်မီးယားဒေသတွင် အိန္ဒိယစစ်သား ၅ ဦး တိုက်ခိုက်ခံရပြီး သေဆုံး
DVB
·
July 10, 2024
ကက်ရှ်မီးယားဒေသတွင် အိန္ဒိယစစ်သား ၅ ဦး တိုက်ခိုက်ခံရပြီး သေဆုံး
Donate to DVB

ဂျမူးနဲ့ ကက်ရှ်မီးယားဒေသရှိ ဟိမဝန္တာနယ်မြေမှာ အိန္ဒိယစစ်တပ်ယာဉ်တန်းကို စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အိန္ဒိယကာကွယ်ရေး အာဏာပိုင်တွေက ဇူလိုင် ၉ ရက်မှာ ပြောပါတယ်။

ဇူလိုင် ၈ ရက်က ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ ဒေသကို အထိတ်တလန့်ဖြစ်စေတဲ့ တိုက်ခိုက်မှုတွေထဲမှာ ခုနောက်ဆုံး လောလောလတ်လတ် ဖြစ်ရပ်လို့လည်း ဆိုပါတယ်။

စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရတဲ့ ပါဝမ်ချန်ရှာမာက ပစ်ခတ်သံတချို့ ကြားလိုက်ရတယ်လို့ ပြောပြပါတယ်။

“ပထမတော့ အသေးစားပေါက်ကွဲတာဖြစ်ပြီး နောက်တခုက ပိုကြီးတယ်။ အိန္ဒိယစစ်တပ်ရဲ့ ကားတာယာတွေက သေနတ်ပစ်ခတ်မှုတွေအကြား ကွဲထွက်သွားတာကို တွေ့လိုက်တယ်။ မကြာခင်မှာပဲ ပစ်ခတ်မှုတွေက မရပ်မနား ဖြစ်ပွားတယ်။”

တိုက်ခိုက်မှုကြောင့် ဒဏ်ရာရစစ်သားတွေကို အနီးနားရှိ ဆေးရုံကို အပြေးအလွှား ခေါ်ဆောင်သွားရပြီး လုံခြုံရေးတွေ ထူထူထပ်ထပ် ချထားတာကြောင့် ဆေးရုံအပြင်ဘက်မှာ လူတွေ စုဝေးနေခဲ့ပါတယ်။

ဒဏ်ရာရသူက ၅ ဦးဖြစ်ပြီး ပထန်ကို့ထ်မြို့ရှိ စစ်ဆေးရုံကို ပို့ဆောင်ထားကြောင်း၊ သေဆုံးသူ တဦးရဲ့ အလောင်းကို ရရှိထားပြီး ကျန်တဲ့ ၄ လောင်းကို စောင့်ဆိုင်းနေတာဖြစ်ကြောင်း ကာသူဝါ ရပ်ရွာကျန်းမာရေးဌာန ဆေးအရာရှိ ရှီလာဒေဝီက ပြောပါတယ်။

၁၉၈၉ ခုနှစ်က လူပေါင်း သောင်းနဲ့ချီ သေဆုံးခဲ့ရတဲ့ သူပုန်ထချိန် စတင်ကတည်းက စစ်သွေးကြွ အကြမ်းဖက်မှုတွေကြောင့် ကက်ရှ်မီးယားတောင်ကြားနဲ့ အနီးနားရှိ ဒေသတွေ မငြိမ်မသက် ထိခိုက်ပျက်စီးရခဲ့ပြီး လတ်တလောနှစ်ပိုင်းတွေမှာတော့ ပဋိပက္ခတွေ လျော့နည်းနေတာပါ။

ဇွန်လအတွင်းက ဂျမူးဒေသမှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၁၂ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

ဟိမဝန္တာဒေသကို ကက်ရ်ှမီးယားဒေသလို့ အခိုင်အမာ ဆိုကြပေမဲ့ အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံစလုံးက တစိတ်တပိုင်း အုပ်ချုပ်နေကြတာပါ။

ကက်ရှ်မီးယားရှိ အိန္ဒိယရဲ့ နယ်မြေတွေထဲမှာ ဟိန္ဒူကြီးစိုးတဲ့ ဂျမူးဒေသနဲ့ မွတ်စလင်တွေ ကြီးစိုးတဲ့ ကက်ရှ်မီးယားချိုင့်ဝှမ်းတို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013