DVB Logo
Home
မြန်မာသတင်း
မြဝတီရှိ တရုတ်ကျားဖြန့်ဂိုဏ်းတွင် ပိတ်မိနေသည့် မော်ရိုကိုနိုင်ငံသားများကို ကယ်ထုတ်
DVB
·
July 8, 2024
မြဝတီရှိ တရုတ်ကျားဖြန့်ဂိုဏ်းတွင် ပိတ်မိနေသည့် မော်ရိုကိုနိုင်ငံသားများကို ကယ်ထုတ်
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ တရုတ်ကျားဖြန့်ဂိုဏ်းမှာပိတ်မိနေတဲ့ မော်ရိုကိုနိုင်ငံသား ၁၁ ဦးနဲ့ ဂျာမန်နိုင်ငံသား ၁ ဦး စုစုပေါင်း ၁၂ ဦးကို DKBA က ကယ် ထုတ်လာပြီး ဇူလိုင် ၅ ရက်က ထိုင်းတာဝန်ရှိသူတွေထံ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

DKBA တာဝန်ရှိသူတွေဟာ  အဆိုပါနိုင်ငံခြား ၁၂ ဦးကို လှေနဲ့  သောင်ရင်းမြစ်ကို ဖြတ်ကူးကာ တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်၊ ချောင့်ခက်ပ်လမ်းကြောင်းဘက်ကနေ ပြန်ပို့ပေးခဲ့တာဖြစ်တယ်၊ ထိုင်းစစ်တပ်တာဝန်ရှိသူဘက်က လာရောက်လက်ခံပြီး လူဝင်မှုကြီးကြပ်ရေးဌာနကို ဆက်လက်ပို့ဆောင်ကာ စိစစ်ရေးတွေ ဆောင်ရွက်သွားမယ်၊ အဲဒီနောက် NRM (National Referral Mechanism ) စနစ်နဲ့  နေရပ်ပြန်ပို့ပေးမယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး MFP ပါတီလွှတ်တော်အမတ်လည်းဖြစ်၊  နိုင်ငံတော်လုံခြုံရေးနဲ့ နယ်စပ်ရေးရာ မဟာဗျူဟာပြုပြင်ပြောင်းလဲရေးကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်တဲ့ နိုင်းရန်းဆီမန်း ရုမ်းက ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကို ကယ်တင်ခေါ်ထုတ်လာပေးတဲ့အတွက် ကျေးဇူးတင်ရှိ ကြောင်း၊  မြန်မာနိုင်ငံက ကာစီနိုရုံတွေမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ အယောက် ၁၅၀ ကျော်ရှိတယ်၊ အဲဒီထဲက ၂၁ ယောက်ပဲနာမည်စာရင်းသိရတယ်လို့ပြောပါတယ်၊၊

ပိတ်မိနေသူတွေကို ကူညီဖို့ ဖောင်ဒေးရှင်းတွေ၊ NGO အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ခဲ့တယ်၊ အချက်အလက်တွေ စုံစမ်းပြီး တဘက်နိုင်ငံမှာရှိနေတယ်လို့ သိရတော့  စစ်တပ်ကနေတဆင့် ကရင်လက်နက်ကိုင်အဖွဲ့ (DKBA) ကို အကူအညီတောင်းတယ်၊  DKBA က အဲဒီဘက်က ကာစီနိုရုံပိုင်ရှင်နဲ့ ဆက်သွယ်ပြီး ခေါ်ထုတ်လာပေးတာဖြစ်တယ်၊ ဒီမတိုင်ခင် မော်ရိုကိုနိုင်ငံသား ၇ ဦးကတော့ ကျားဖြန့်ဂိုဏ်းက တောင်းတဲ့ပိုက်ဆံကို အိမ်ကိုလှမ်းတောင်းပြီးပေးလိုက်လို့ လွတ်မြောက်သွားပြီး နောက် ၂ ဦးကတော့ သူတို့လိုက်မလာနိုင်သေးဘူးလို့ ပြောတယ်။ 

အဲဒီဂိုဏ်းတွေမှာ ရောက်နေတာ မော်ရိုကိုတင်မကဘူး၊ တခြားနိုင်ငံသားတွေလည်း ရှိတယ်၊ ဒီကိစ္စမှာ လူကုန်ကူးခံရတဲ့အမှုတင်မကဘူး၊ လိမ်လည်ခံရတာ၊ ဥပဒေနဲ့မကင်းတဲ့ အလုပ်တွေ လုပ်နေတာလည်းရှိတာကြောင့် ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံအဆင့်အရေးထားပြီး ကိုင်တွယ်ဖြေရှင်းရမယ့်ပြဿနာဖြစ်တယ်၊  ဒီတကြိမ်ကူညီမှုမှာလည်း ထိုင်းစစ်တပ်ကို အထူး ကျေးဇူးတင်တယ်၊ ထိုင်းစစ်တပ်က မကူညီပေးရင် အောင်မြင်မှာမဟုတ်ဘူး၊ တန်ဖိုးရှိတဲ့ ကူညီမှုပါလို့  နိုင်းရန်းဆီမန်းရုမ်းက  ပြောပါတယ်။ 

Source:  3 Plus News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013