DVB Logo
Home
နိုင်ငံတကာ
အရက်မူးသည့်ကားသမားကြောင့် နယူးယောက်စီးတီးပန်းခြံတွင် လူ ၃ ဦး သေဆုံး
DVB
·
July 6, 2024
အရက်မူးသည့်ကားသမားကြောင့် နယူးယောက်စီးတီးပန်းခြံတွင် လူ ၃ ဦး သေဆုံး
Donate to DVB

မန်ဟက်တန်ပန်းခြံ အောက်ပိုင်းမှာ ဇူလိုင် ၄ ရက် အထိမ်းအမှတ်ပွဲကျင်းပနေတဲ့ လူအုပ်ထဲကို အရက်အလွန်အကျွံ သောက်ထားတယ်လို့ သံသယရှိသူ ယာဉ်မောင်းတဦးက သူ့ရဲ့ပစ်ကပ် ထရပ်ကားကို ထိုးဝင် မောင်းနှင်ခဲ့တာကြောင့် လူ ၃ ဦး သေဆုံးသွားပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ဇူလိုင် ၅ ရက်မှာ အဲဒီယာဉ်မောင်းကို ဖမ်းဆီးထားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ 

ဖို့ဒ်ကားကို မောင်းနှင်လာတဲ့ အမျိုးသားဟာ ဇူလိုင် ၄ ရက် ည ၉ နာရီလောက်မှာ “ရပ်” ဆိုင်းဘုတ် ကို ကျော်လွန်ကာ လမ်းဘေးလူသွားလမ်းပေါ်ကို ဝင်ရောက်ခဲ့လို့ မန်ဟက်တန်အောက်ပိုင်း အရှေ့ခြမ်းက ကော်လီယာစ်ဟွတ်ခ်ပန်းခြံမှာ စုဝေးနေကြတဲ့လူတွေကို တိုက်မိခဲ့တယ်လို့ နယူးယောက်ရဲချုပ် ဂျက်ဖရီ မက်ဒရေး က ပြောပါတယ်။ 

အခင်းဖြစ်ပွားတဲ့နေရာမှာ ရှိနေတဲ့ လူတွေက ယာဉ်မောင်းကို ဖမ်းဆွဲချထားပြီး  ထွက်ပြေးလို့ မရအောင် လုပ်ထားခဲ့တာလို့လည်း ဆိုပါတယ်။ 

အဲဒီအချိန် ယာဉ်မောင်းက အရက်အလွန်အကျွံ မူးနေပြီး အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတဲ့ လက္ခဏာ မရှိကြောင်း မြို့တော်ဝန် အဲရစ်ခ် အဒမ်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ အသက် ၄၄ နှစ်အရွယ် အမျိုးသား တဦးကို ဖမ်းဆီးထားပြီး သောကြာ နေ့ မနက်အထိ တရားဝင် တရားစွဲဆိုခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာကို ရောက်လာကြတဲ့ မီးသတ်သမားတွေဟာ ပစ်ကပ် ထရပ်ကားအောက်မှာ ပိတ်မိနေသူ ၄ ဦးကို တွေ့ရှိခဲ့ပါတယ်။ 

ဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားသူ ၄ ဦးနဲ့ သေရေးရှင်ရေး စိုးရိမ်ရသူ ၃ ဦးကို ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း မီးသတ်တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။ 

ထိခိုက်ခဲ့တဲ့ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသား တဦးတို့ ဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း နယူးယောက်ရဲဌာနက သောကြာနေ့မှာ ပြောကြားပါတယ်။

တတိယမြောက် သေဆုံးသူနဲ့ပတ်သက်ပြီး သတင်းအချက်အလက် ထုတ်ပြန်ခြင်း မရှိပါဘူး။ 

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013