DVB Logo
Home
အားကစား
စပိန်နှင့်ပွဲတွင် ဂျာမနီအသင်း အနိုင်ရရန် ထိုက်တန်ဟု  နည်းပြ နာဂယ်စ်မန်း ပြော
DVB
·
July 6, 2024
စပိန်နှင့်ပွဲတွင် ဂျာမနီအသင်း အနိုင်ရရန် ထိုက်တန်ဟု  နည်းပြ နာဂယ်စ်မန်း ပြော
Donate to DVB

စပိန်နဲ့ပွဲမှာ ဂျာမနီအသင်းကအနိုင်ရဖို့ ထိုက်တန်ခဲ့ကြောင်း နည်းပြနာဂယ်စ်မန်းက ပြော သွားပါတယ်။

ဂျာမနီအသင်းဟာ စပိန်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂိုးသွင်းခွင့်အများအပြာရခဲ့ပေမဲ့ တိုက်စစ် ကစားသမားတွေ အပြည့်အဝအသုံးမချနိုင်ခဲ့တာကြောင့် နစ်နာခဲ့ရတာပါ။

ဂျာမနီအသင်းက အပိုင်အခွင့်အရေး ၅ကြိမ်အထိရခဲ့ပေမဲ့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ ကိုင်ဟာဗက်ဇ်၊ ဖူးခရတ်ဂ်တို့ အခွင့်အရေးတွေလွဲချော်ခဲ့တာပါ။

ဂျာမန်နည်းပြ နာဂယ်စ်မန်းကတော့ ဂျာမနီအသင်းအနေနဲ့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပြီး ပိုကောင်းတဲ့ရလဒ်ရရှိသင့်ကြောင်း ပြောပါတယ်။

ကွင်းလယ်လူတိုနီခရူးစ် ကတော့ အသင်းရဲ့စွမ်းဆောင်ရည်တိုးတက်လာခဲ့တာကို ပြသနိုင်ခဲ့ပေမဲ့ ကွာတားအဆင့်ကနေ ထွက်ခွါခဲ့ရတဲ့ အပေါ် ဝမ်းနည်းမိကြောင်း၊ အနာဂတ်မှာ အောင်မြင်မူတွေ ပြန်လည်ရရှိနိုင်ကြောင်း ပွဲအပြီးမှာ ပြောပါတယ်။

ကစားသမားဘဝကနေ အနားယူတော့မဲ့ ခရူးစ်ဟာ စပိန်နဲ့ပွဲက သူ့ရဲ့ ကစားသမားဘ၀ နောက်ဆုံးပွဲစဉ်ဖြစ်လာတော့မှာဖြစ်ပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013