DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင်တွင် ဇွန်လအတွင်း စစ်တပ်နှင့် KNLA တို့ တိုက်ပွဲပေါင်း ၁၂၀ ကျော်ဖြစ်ပွား
DVB
·
July 5, 2024
ဖာပွန်ခရိုင်တွင် ဇွန်လအတွင်း စစ်တပ်နှင့် KNLA တို့ တိုက်ပွဲပေါင်း ၁၂၀ ကျော်ဖြစ်ပွား
Donate to DVB

ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ ၅ နယ်မြေအတွင်း ဇွန်လ ၁ လတာအတွင်း စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲပေါင်း ၁၂၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ ဇူလိုင် ၄ ရက်မှာ KNLA တပ်မဟာ ၅ က ထုတ်ပြန်ပါတယ်။

ဇွန် ၁ ရက်ကစပြီး ၃၀ ရက်အထိ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အယောက် ၆၀ ကျော်သေဆုံးကာ ၁၉ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ ဘက်က ရဲဘော် ၂ ယောက် ကျဆုံးပြီး ၃ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တပ်မဟာ ၅ နယ်မြေအတွင်း ဆုံးရှုံးထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်ကောင်စီတပ်ဘက်က ကြိုးစားလာတာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒို က ပြောပါတယ်။

“KNLA ဘက်က စစ်ကောင်စီတပ်စခန်းတွေ သိမ်းထားတော့ သူတို့ စခန်းပြန်လည်ရရှိဖို့ စခန်းထဲနေပြီး ပြန်လာတိုက်တယ်။ မကြာခဏ လာပြန်တိုက်တော့ တိုက်ပွဲတွေဖြစ်တယ်။ ပြီးရင် သူတို့ စခန်းထဲ ပြန်ဝင်သွားတယ်။ ၁ ရက် ၂ ရက်အတွင်း ထပ်ပြီးတက်လာတယ်။ တိုက်ပွဲတွေ ဖော်ဆောင်တယ်။ အဲလို သူတို့လှုပ်ရှားတာပဲရှိတယ်။ အဝေးက စစ်ကြောင်းလှုပ်ရှားတာတော့ မရှိဘူး။”

တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲကြီးငယ်ပေါ် မူတည်ပြီး စစ်ကောင်စီက လေကြောင်းကနေ ပုံမှန်လာရောက်ပြီး ပစ်ကူပေးတိုက်ခိုက်တာ ရှိတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဂျက်လေယာဉ်နဲ့ အပြစ်မဲ့ပြည်သူတွေ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ လယ်ယာ၊ တောင်ယာ၊ ဥယျာဉ်ခြံမြေတွေအတွင်းကို ဗုံးသီး ၆၀၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ဒရုန်းဗုံး ၇၀ ကြဲချခဲ့တာကြောင့် ပြည်သူနေအိမ် ၄ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ လုံးနဲ့ စာသင်ကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၂၄ ရက်နေ့က ဖာပွန်မြို့အခြေစိုက် ခမရ ၄၃၄ တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့တာကြောင့် ခလရ ၁၉ အပါအဝင် တပ်ရင်း ၂ ခုကို အပြီးသပ်သိမ်းပိုက်ရရှိထားပါတယ်။

ဆက်လက်ပြီး ခမရ ၃၄၀၊ ခမရ ၃၄၁ နဲ့ ဗျူဟာကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013