DVB Logo
Home
မြန်မာသတင်း
အင်းဝမြို့ဟောင်းကို ယူနက်စကိုတင်ရန် စစ်အုပ်စု ကြိုးပမ်းနေ
DVB
·
July 5, 2024
အင်းဝမြို့ဟောင်းကို ယူနက်စကိုတင်ရန် စစ်အုပ်စု ကြိုးပမ်းနေ
Donate to DVB

အင်းဝမြို့ဟောင်းကို ယူနက်စကိုအသိမှတ်ပြု ကမ္ဘာ့ယဥ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရေး စစ်အုပ်စုက ကြိုးပမ်းနေတဲ့အကြောင်း တရုတ်အစိုးရအာဘော် ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) က ညွှန်ကြားရေးမှူး ဦးသန်းထိုက်က အင်းဝဟာ တခြားသော မြန်မာ့ရှေးဟောင်းမြို့တွေနည်းတူ ၁၉၉၆ ခု နှစ်လောက်ကတည်းက ကြိုတွေးထားတဲ့ စာရင်းမှာ ပါဝင်ခဲ့ပြီး ပျူရှေးဟောင်းမြို့တွေနဲ့ ပုဂံရှေးဟောင်းသုတေသနကို ယူနက်စကိုစာရင်းထဲမှာ ပါဝင်ခဲ့ပြီးနောက် အင်းဝဘက်ကို ဆက်ပြီးတော့ လုပ်ဆောင်တာလို့ ပြောပါတယ်။

လက်ရှိမှာတော့ အချက်အလက်စုဆောင်းတာ၊ မြို့ဟောင်းယဉ်ကျေးမှုနယ်မြေကို ထိန်းသိမ်းစောင့်ရှောင့်တာ၊ ယူနက်စကိုက သတ်မှတ်အချက်အလက်တွေနဲ့ ကိုက်ညီ  အဆင်သင့်ဖြစ်စေဖို့ အခြေအနေတွေ စောင့်ကြည့်တဲ့ လုပ်ငန်းစဉ်တွေ ကြိုးပမ်းဆောင် ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အင်းဝဒေသ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းထားပြီး အဆိုပါကော်မတီက ရှေး ဟောင်းအမွေအနှစ်နေရာတွေကို ကာကွယ်ဖို့နဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေအတွက် ပညာရပ်ဆိုင်ရာ အခွင့်အလမ်းတွေ ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ထဲမှာ တည်ရှိတဲ့ အင်းဝမြို့ဟောင်းဟာ မြန်မာနိုင်ငံရဲ့ ရှေးခေတ် မြို့တော်တခုဖြစ်ပြီး ၁၄ ရာစုကနေ ၁၉ ရာစုအတွင်း တည်ရှိကာ ရှေးဟောင်း အဆောက်အအုံနဲ့ စေတီပေါင်း ၉၆၀ ကျော် တည်ရှိရာ နေရာတခု ဖြစ်ပါတယ်။

ဒီအရင် ၂၀၁၄ တုန်းကတော့ မြန်မာနိုင်ငံက ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ ဟောင်း ၃ မြို့ ယူနက်စကို စာရင်းဝင်ခဲ့ပြီးနောက်ပိုင်း ပုဂံကတော့ ၂၀၁၉ ခုနှစ်မှာ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့တာပါ။

အရှေ့တောင်အာရှက နိုင်ငံတွေထဲမှာတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတွေ အဖြစ် အင်ဒိုနီးရှားမှာ ၁၀ ခု၊ ဗီယက်နမ်မှာ ၈ ခု၊ ထိုင်းမှာ ၇ ခု၊ ဖိလစ်ပိုင်မှာ ၆ ခု၊ ကမ္ဘောဒီးယားမှာ ၄ ခု၊ လာအိုမှာ ၃ ခု၊ စင်ကာပူမှာ ၁ ခု၊ မြန်မာနိုင်ငံက ၂ ခုစီ သတ်မှတ် ခံထားရပါတယ်။

စစ်မီးတောက်လောင်နေတဲ့ အာဏာသိမ်း ၃ နှစ်ကျော်ကာလတွေအတွင်းမှာပဲ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက ဆုန်ခရမ် ရိုးရာသင်္ကြန်နှစ်သစ်ကူးပွဲတော်ကို ယူနက်စကို အသိမှတ်ပြုအောင် လျှောက်ထားခဲ့ပြီး ဒြပ်မဲ့ယဥ်ကျေးမှုအမွေနှစ်အဖြစ် ယူနက်စကိုအဖွဲ့ ကြီးက  တနှစ်အတွင်းမှာပဲ အသိမှတ်ပြုပေးလိုက်ပါတယ်။

မြန်မာနိုင်ငံကတော့ နိုင်ငံတဝန်း စစ်အာဏာသိမ်း နောက်ဆက်တွဲအနေနဲ့ တိုက်ပွဲနဲ့ ပဋိပက္ခတွေ နေရာအနှံ့ဖြစ်ပွားနေပြီး နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆုံးနိုင်ငံတခု ဖြစ်လာနေတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013