DVB Logo
Home
နိုင်ငံတကာ
ထိုင်းတန်ဆောင်တိုင် လွိုင်ကထုန်ပွဲတော်ကို ယူနက်စကိုတင်မည်
DVB
·
March 30, 2025
ထိုင်းတန်ဆောင်တိုင် လွိုင်ကထုန်ပွဲတော်ကို ယူနက်စကိုတင်မည်
Donate to DVB

ထိုင်းနိုင်ငံရဲ့ နာမည်ကျော် တန်ဆောင်တိုင် လွိုင်ကထုန် မီးမျှောပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့  ယဉ်ကျေးမှုအဖွဲ့ (UNESCO)က အသိအမှတ်ပြုရေး တင်သွင်းသွားဖို့ အဆိုပြုချက်ကို ထိုင်းအစိုးရက အတည်ပြုလိုက်တဲ့အကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းအစိုးရလက်ထောက်ပြောရေးဆိုခွင့်ရှိသူ အနုကူးလ် ဖရုဆနုဆတ်ခ်က “Loy Krathong: Traditional Water-honouring Festival in Thailand.” အမည်နဲ့ စာတမ်းကို တင်သွင်းသွားမှာဖြစ်သလို ယဉ်ကျေးမှု အမွေအနှစ်များ မြှင့်တင်ရေးနှင့် ထိန်း သိမ်းစောင့်ရှောက်ရေး ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ယဉ်ကျေးမှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယူနက်စကိုဆီ မတင်သွင်းမီ လက်မှတ် ရေးထိုးသွားမယ်လို့ ပြောပါတယ်။

အဆိုပါပွဲတော်ကို ယူနက်စကို အသိအမှတ်ပြုရေး တင်သွင်းတာက နိုင်ငံအတွက် အရေးပါတဲ့ ရိုးရာဓလေ့ ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

လွိုင်ကထုန် မီးမျှောပွဲတော်ကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော် ဆုခိုထိုင်းခေတ် တတိ ယမြောက် ဘုရင်မင်းဆက် ရာမ်ခမ်းဟိုင်ဘုရင် လက်ထက်မှာ စတင်ကျင်းပခဲ့တယ်လို့ သိရပြီး တချို့ကလည်း ရေနတ်သမီးကို ပူဇော်ပသတာ၊ နိမ့်ကျနေတဲ့ ကံဇာတာကို ရေထဲမျှောပြီး ဆုတောင်းတာလို့လည်း ဆိုရိုးရှိပါတယ်။

ဒီပွဲတော်ကိုတော့ ထိုင်းရိုးရာ ပြက္ခဒိန်အရ ၁၂ လမြောက်လရဲ့ လပြည့်နေ့မှာ ကျင်းပလေ့ရှိပြီး ထိုင်းနိုင်ငံရဲ့ နေရာအနှံ့မှာ ကျင်းပပြီး ထိုင်းနိုင်ငံသားတွေကြားမှာရော ကမ္ဘာလှည့်ခရီးသွားတွေကြားမှာပါ ထင်ရှားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ထိုင်းရိုးရာ “ခွန်” ဘီလူးအက၊ ၂၀၁၉ ခုနှစ်မှာ ရိုးရာအနှိပ်ပညာ၊ ၂၀၂၁ ခုနှစ်က နိုရာနတ်သမီး/နတ်သားအကတို့နဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုခံခဲ့ရသလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ဆုန်ကရန် ရိုးရာသင်္ကြန်ပွဲတော်ကို ထပ်မံအသိအမှတ်ပြုခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013