DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် စစ်မှုထမ်းရန်အတွက် ငွေကြေးကောက်ခံ
DVB
·
July 3, 2024
ပဲခူးတိုင်းတွင် စစ်မှုထမ်းရန်အတွက် ငွေကြေးကောက်ခံ
Donate to DVB

ပဲခူးတိုင်း ပြည်ခရိုင်နဲ့ အနောက်ခြမ်းကမြို့နယ်တွေမှာ စစ်မှုထမ်းဖို့အတွက်ဆိုပြီး ငွေကြေးကောက်ခံတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်၊ နတ်တလင်း၊ ရွှေတောင်နဲ့ ပေါင်းတည်မြို့နယ်တွေထဲက ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ငွေလိုက်လံကောက်ခံနေတယ်လို့ ဆိုပါတယ်။

ပြည်မြို့နယ်ထဲက မွေရိုးကျေးရွာအုပ်စုမှာတော့ အိမ်ခြေ ၅၅၀ ကျော်ရှိပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ရှိတဲ့ အိမ်တွေက ကျပ် ၃၅,၀၀၀ ကောက်ခံနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

“အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ရှိတဲ့ အိမ်တွေကတအိမ်ကို ၃၅,၀၀၀၊ အဲ့ဒီအသက်အရွယ်မရှိတဲ့ အိမ်တွေက ၂၀,၀၀၀ နှုန်း နဲ့ ကောက်တယ်။ မထည့်တဲ့အိမ်တွေကို စစ်တပ်က ၀ိုင်းရင် တာ၀န်မယူဘူးတဲ့၊ အဲ့ဒါကြောင့် အားလုံးကလန့်ပြီးထည့်ကြတယ်။ အဲ့ဒါနဲ့ ကျနော် မယက ကို လှမ်းမေးကြည့်တော့ ၂၀,၀၀၀ ပဲကောက်ခိုင်းတာတဲ့။ ဒါပေမဲ့ အားလုံးက ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကနေ စကောက်ပြီး ၂၄ ရက်နေ့နောက်ဆုံးဆိုလို့ အကုန်ထည့်လိုက်ကြပြီ၊ မြို့နယ်ကို သွင်းရမှာတဲ့။ အခုထည့်ထားတဲ့ဟာက ၁၂ လပိုင်းအထိ သူတို့တာဝန်ယူတယ်တဲ့။ သစ်ချီတင်ရွာကတော့ တအိမ် ၂၀,၀၀၀ ထည့်ရတယ်၊ တီတွတ်ကတော့ လူထည့်ပေးလို့ မကောက်ဘူးတဲ့။”

နတ်တလင်းဒေသခံတဦးက “နတ်တလင်းမြို့နယ်ထဲက ရေမွှေးကျေးရွာအုပ်စုမှာ တအိမ်ကို ၇၀,၀၀၀ ကျပ်နှုန်း ကောက်ထားတာ လူရှာထည့်ဖို့ကျတော့ လူကရှာမရဘူး။ ငွေတွေက အုပ်ကြီးကကိုင်ထားတာ သိန်းပေါင်းအများကြီး။ ရွာသားတွေက ပြန်တောင်းတော့လည်း မရဘူး သူသုံးထားတာ။ နတ်တလင်းမြို့နယ်က အခုအခေါက် လူ ၃၀ ပေးရမှာ ရွာတွေမှာက လူငယ်တွေ မရှိကြတော့ဘူး အကုန်ထွက်ပြေးနေကြတာ။ တချို့တွေက ထိုင်းဘက်မှာ အလုပ်သွားလုပ်နေကြတာ။”

ရွှေတောင်မြို  သရက်တောရပ်ကွက် ယောကျ်ားလေး ရှိတဲ့အိမ်တိုင်း တယောက်ကို ကျပ် ၂၀.၀၀၀ နှုန်းပေးရပြီး တချို့ကျေးရွာတွေမှာတော့ အိမ်ခြေအနည်းအများပေါ်မူတည်ပြီး ၅၀၀၀ ကနေ ၃ သောင်းခွဲအထိ ပေးရတယ်လို့ သိရပါတယ်။

ရွှေတောင်မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တဦးက “တရွာနဲ့တရွာမတူဘူး ကျနော်တို့ရွာဆိုရင် အိမ်ခြေ ၈၀၀၀ လောက်ရှိလို့ တအိမ်ကို ၅၀၀၀ ပဲထည့်ရတယ်။ အိမ် ၈၀၀ ဆိုရင်ပဲ သိန်း ၄၀။ သိန်း ၃၀ က လူငှားခ ကျန်တဲ့ ၁၀ သိန်းက ‌ဝေယျာဝစ္စဖိုးပေါ့။ တချို့ရွာတွေက အိမ် ၃၀၀ -၂၅၀ လောက်ပဲရှိလို့ ၃၀,၀၀၀ ကနေ ၃၅,၀၀၀ အထိပေးရတယ်။ မရှိတဲ့သူတွေကတော့ လိုက်ကြတယ် သိန်း ၃၀ ရတာကိုး။ ရွှေတောင်မှာက အုပ်စု ၅၂ အုပ်စုရှိတော့ တပတ်ကို ၅၂ ယောက် ရှာထည့်ပေးရမှာ၊ မပေးနိုင်တဲ့အုပ်စုတွေကိုတော့ ညဘက်မှာပေါ်တာစွဲတာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီက မြန်မာနိုင်ငံ နေရာအနှံ့မှာ စစ်မျက်နှာဖွင့်နေရပြီး စစ်သား လိုအပ်ချက် ရှိနေတာကြောင့် စစ်မှုထမ်း ဥပဒေကို ပြန်အသက်သွင်းပြီး စစ်သားသစ် စုဆောင်းနေတာပါ။ အမှတ်စဉ် ၁ အတွက် စစ်သားသစ် ၅ ထောင်လောက်ကို ဧပြီ ၈ ရက်နေ့မှာ စတင်ခေါ်ယူခဲ့ပြီး ၃ လကြာ စစ်သင်တန်ပေးကာ ဇွန် ၂၈ ရက်နေ့မှာ သင်တန်းဆင်းခဲ့တာ ဖြစ်ပါတယ်။

 မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013