DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းအပတ်စဥ် ၁ သင်တန်းဆင်း တပ်သားသစ်များကို စစ်ကောင်စီ ရှေ့တန်းပို့
DVB
·
July 3, 2024
စစ်မှုထမ်းအပတ်စဥ် ၁ သင်တန်းဆင်း တပ်သားသစ်များကို စစ်ကောင်စီ ရှေ့တန်းပို့
Donate to DVB

စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် ၁ မှာသင် တန်းဆင်းခဲ့တဲ့ သင်တန်းသားတွေကို တိုက်ပွဲ ဖြစ်ရာဒေသတွေကို ပို့ဆောင်တယ်လို့ သင်တန်း ဆင်းမိသားစုဝင်တွေဆီက သိရပါတယ်။ 

စစ်မှုထမ်းအပတ်စဥ် ၁ ကို ဇွန် ၂၈ ရက် မနက်က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ ၊စစ်ကိုင်း၊ မကွေး၊ ရှမ်းတောင်နဲ့ မွန်ပြည်နယ်မှာရှိတဲ့ စစ်သင်တန်းကျောင်းတွေမှာ သင်တန်းဆင်းခဲ့တာ ဖြစ်ပါတယ်။

သင်တန်းဆင်းမိသားစုဝင်တဦးက "ရန်ကုန်မှာ ဇွန်လ ၂၈ ရက်က သင်တန်းဆင်းတော့ အဆက်အသွယ်ရသေးတယ်။ အခုစစ်ကိုင်း ပို့လိုက်တယ်ပြောတယ်။ သူ့မိဘတွေလည်းစိတ်ပူပြီး သင်တန်းကျောင်းမှာစုံစမ်းနေတယ်"လို့  ပြောပါတယ်။

ရှမ်းတောင်၊ မွန်ပြည်နယ်နဲ့ တိုင်းဒေသကြီး ၆ ခုက စစ်အခြေခံသင်တန်းကျောင်း ၅ ကျောင်း၊ တန်းမြင့်သင်တန်းကျောင်း ၁၀ ကျောင်း၊ အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်းနဲ့ ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံကျောင်းတွေမှာ အပတ်စဥ် ၁ ကို သင်တန်းပေးနေတာ ဖြစ်ပါတယ်။ 

ဖျာပုံမြို့ခံတဦးက “ဧရာဝတီတိုင်းက စစ်မှုထမ်းပါသွားတာ ရွှေမြင်တပ်(ပုသိမ်)လည်းမရောက်ဘူး။ ကွင်းကောက်က သင်တန်းကျောင်းလည်းမရောက် ဟိုပုံး သင်တန်းကျောင်းပါသွားတာ၊ အဲ့ကနေ သင်တန်းဆင်းတော့ လွိုင်ကော်ပြန်လည်ထူထောင်ရေးဆို ပြီးပါသွားတာ "လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ လူတိုင်းမဖြစ်မနေ စစ်မှုမထမ်းမနေရ အမိန့်ကို ထုတ်ပြန်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ 

စစ်မှုထမ်းဟောင်းတဦးက "ကာကွယ်ရေးဝန်ကြီးသင်တန်းကျောင်းတွေကို လာပြီးမကြာဘူး။ တိုက်ခိုက်ရေးသင်တန်းတွေ ၄၅ ရက်လောက် သင်တန်းပေးရတယ်။ ဗုံးပစ်တာ လက်နက်ကြီးလက်နက်ငယ်ပစ်တာ။ စစ်ဆင်ရေး သင်တန်းတွေရော၊ ဒါကိုအဓိကထားသင်ပေးတယ်ဆိုတော့ စစ်မှုထမ်းတွေကို ရှေ့တန်းပို့မယ့် သဘောရှိတယ်"လို့ သုံး သပ်ပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ရေးဖွဲ့ပြီး ၄၅ အကြာ မတ် ၂၈ ရက်ကစတင်ကာ စစ်မှုထမ်းအပတ်စဥ် ၁ သင်တန်းကို ပြည်နယ်နဲ့ တိုင်းအသီးသီးက စစ်သင်တန်းကျောင်း ၁၂ ကျောင်းဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောစစ်ကောင်စီက ရှမ်းမြောက်နဲ့ ရှမ်းအရှေ့က စစ်သင်တန်းကျောင်းတွေမှာပါ စစ်မှုထမ်းသင်တန်းကျောင်းတွေ တိုးမြှင့်ဖွင့်လှစ်ခဲ့ရာ စစ်သင်တန်းကျောင်း ၁၉ ကျောင်းအထိ ရှိလာပြီး စစ်မှုထမ်းအပတ်စဥ် ၃ အထိရှိလာပြီ ဖြစ်ပါတယ်။

လာမယ့် စစ်မှုထမ်းအပတ်စဥ် ၅ မှာတော့ အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်း အမျိုးသမီးတွေပါ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013