DVB Logo
Home
အားကစား
ယူရို ၂၀၂၄ ပြိုင်ပွဲက နောက်ဆုံးကစားသည့်ပြိုင်ပွဲဖြစ်ဟု စီရော်နယ်ဒို အတည်ပြု
DVB
·
July 3, 2024
ယူရို ၂၀၂၄ ပြိုင်ပွဲက နောက်ဆုံးကစားသည့်ပြိုင်ပွဲဖြစ်ဟု စီရော်နယ်ဒို အတည်ပြု
Donate to DVB

ယူရို ၂၀၂၄ ပြိုင်ပွဲက ကစားသမားဘဝမှာ နောက်ဆုံးကစားတဲ့ ပြိုင်ပွဲဖြစ်ကြောင်း ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက ပြောပါတယ်။

အသက် ၃၉ နှစ် ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဆလိုဗေးနီးယားကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ပွဲချိန်အတွင်းရရှိခဲ့တဲ့ ပင်နယ်တီကို ဝင်အောင်ကန်သွင်းနိုင်ခြင်း မရှိခဲ့တာကြောင့် မျက်ရည်ကျတဲ့အထိ စိတ်ခံစားချက် များပြားခဲ့တာပါ။ 

ဒီလိုဖြစ်ခဲ့တာဟာ  လက်ရွေးစင်ကစားသမားဘဝရဲ့ နောက်ဆုံးယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်ဖြစ်တာကြောင့်လို့ ဘောလုံးကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ကြတာပါ။

ဒါပေမဲ့ ပန်နယ်တီအဆုံးအဖြတ် ကန်ရာမှာတော့ ရော်နယ်ဒိုက ဂိုးဝင်အောင် သွင်းယူပေးနိုင်ခဲ့ပြီး ပေါ်တူဂီအသင်း ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ 

ရော်နယ်ဒိုကလည်း အခုနှစ်ပြိုင်ပွဲဟာ သူ့ရဲ့ ကစားသမားဘဝရဲ့ နောက်ဆုံးယူရိုပြိုင်ပွဲ ဖြစ်တယ်ဆိုတာ သေချာကြောင်း အတည်ပြုခဲ့တာပါ။

ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ၅ ကြိမ်ရယူနိုင်ခဲ့သူ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲစုစုပေါင်း ၁၀ ကြိမ်အထိ ယှဉ်ပြိုင်ခဲ့ပြီး အခုနှစ်ယူရိုပြိုင်ပွဲက ၁၁ ကြိမ်မြောက် အဓိကပြိုင်ပွဲကြီး တရပ်ကို ယှဉ်ပြိုင်ကစားနေတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013