DVB Logo
Home
အားကစား
ပြင်သစ်အသင်း၏ စွမ်းဆောင်ရည်အပေါ် ဝေဖန်သူများကို ဂရစ်မန်း ပြန်တုံ့ပြန်
DVB
·
July 2, 2024
ပြင်သစ်အသင်း၏ စွမ်းဆောင်ရည်အပေါ် ဝေဖန်သူများကို ဂရစ်မန်း ပြန်တုံ့ပြန်
Donate to DVB

ပြင်သစ်အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်နေသူတွေကို ကွင်းလယ်တိုက်စစ်ကစားသမား ဂရစ်မန်းက ပြန်လည် ဝေဖန်သွားပါတယ်။

ပြင်သစ်အသင်းဟာ ယူရိုပြိုင်ပွဲ ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ အမ်ဘာပေ တဦးတည်းကသာ ပင်နယ်တီကနေ ဂိုးသွင်းခဲ့ပြီး ကျန်တဲ့ ရဂိုး ၂ ဂိုးက ပြိုင်ဘက်ကစားသမားတွေရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုတွေကနေ ဂိုးရခဲ့တာပါ။

စုစုပေါင်း ၄ ပွဲမှာ ၃ ဂိုးပဲရခဲ့တဲ့ တိုက်စစ်ပိုင်းမှာလည်း ဝေဖန်မှုတွေ ရှိခဲ့တဲ့အပေါ် ခံစစ်ကောင်းမွန်ဖို့ အရေးပါကြောင်းနဲ့ ကွာတားဖိုင်နယ်အဆင့် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဂရစ်မန်းက ပြောပါတယ်။

မာကျောတဲ့ခံစစ်မရှိဘဲ ရှေ့ဆက်သွားလို့ မရနိုင်ဘဲ အသင်းရဲ့ စနစ်အသစ်မှာ အသားကျဖို့ လိုအပ်ကြောင်း၊ ညာတောင်ပံမှာ နေရာပြောင်းကစားရတဲ့အပေါ်မှာလည်း ကိစ္စမရှိကြောင်း ဂရစ်မန်းက ပြောသွားပါတယ်။

ပြင်သစ်အသင်းဟာ ကွာတားဖိုင်နယ်မှာ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013