Home
အားကစား
အန်တိုနီဂေါ်ဒွန်ကို နယူးကာဆယ်အသင်းက လီဗာပူးဆီ ရောင်းချလို
DVB
·
July 1, 2024
Photo - REUTERS/John Sibley

နယူးကာဆယ်အသင်းဟာ တောင်ပံတိုက်စစ်ကစားသမား အန်ုတိုနီဂေါ်ဒွန်ကို လီဗာပူး အသင်းဆီ ရောင်းချဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။

နယူးကာဆယ်အသင်းဟာ ဂေါ်ဒွန်ကို ရောင်းချဖို့စီစဉ်ရာမှာ လီဗာပူး လူငယ်နောက်ခံလူ ကွမ်ဆက်ကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဘက်က ဂေါ်ဒွန်ကို ခေါ်ယူလိုပေမဲ့ နယူးကာဆယ်အသင်းက တောင်းဆိုတဲ့အတိုင်း နောက်ခံလူ ကွမ်ဆက်ကို အလိုက်ပေးဖို့ ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်သေးတာဖြစ်ကြောင်း ဒေးလီးလ်မေးသတင်းမှာ ဖော်ပြပါတယ်။

ဂေါ်ဒွန်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေသူပါ။ နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အမြတ်ငွေနဲ့ ရေရှည်တည်တံ့နိုင်ရေး စည်းမျဉ်းနဲ့ ကိုက်ညီဖို့ ကစားသမားတချို့ကို ရောင်းထုတ်ရမှာပါ။ 

လက်ရှိအချိန်မှာ နယူးကာဆယ်နဲ့ လီဗာပူးတို့အကြား သဘောတူညီမူမရသေးဘဲ လာမယ့် ရက်သတ္တပတ်အတွင်းမှာ အပြောင်းအလဲရှိမလား ဆိုတာ ဆက်လက် စောင့်ကြည့်သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024