DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံရသည့် ကျိုက်ထိုက လူမှုကူညီရေးအဖွဲ့ဝင် ၄ ဦး မိသားစုနှင့်အဆက်အသွယ်မရ
DVB
·
June 29, 2024
ဖမ်းဆီးခံရသည့် ကျိုက်ထိုက လူမှုကူညီရေးအဖွဲ့ဝင် ၄ ဦး မိသားစုနှင့်အဆက်အသွယ်မရ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်မှာ PDF အဖွဲ့တွေနဲ့ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ လူမှုကူညီရေးအဖွဲ့ဝင် ၄ ယောက်ကို ၁၅ ရက် ကြာတဲ့အထိ အဆက်အသွယ်မ‌ရသေးသလို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ကော့စနိုင်လူမှုကူညီရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးချမ်းသာအောင်၊ ဦးမြလှိုင်၊ ကိုစိုးလှိုင်နဲ့ မစုမြတ်ရတနာကျော်တို့ကို PDF တပ်တွေနဲ့ပတ်သက်တယ်ဆိုပြီး ဇွန် ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက နေအိမ်တွေနဲ့ လူမှုကူညီရေးရုံးမှာ လာရောက်ဖမ်းဆီးခဲ့သလို တခြား လူမှုကူညီရေးအဖွဲ့သားတွေကိုလည်း စစ်တပ်က ဝရမ်းထုတ်ခဲ့ပါတယ်။

ကော့စနိုင်လူမှုကူညီရေးအဖွဲ့ဝင် ၄ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးတဲ့အချိန်တုန်းက ရိုက်နှက်သွားပြီး အခု ၁၅ ရက်ကြာတဲ့အထိ အဆက်အသွယ်မရသေးတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။

“ဖမ်းတဲ့အချိန်တုန်းကလည်း မိန်းကလေးပါမကျန် ပါးနားတွေရိုက်ပြီး ဖမ်းဆီးသွားသလို ခုထက်ထိလည်း ဘယ်မှာဖမ်းတာတယ်ဆိုတာလည်းခ မသိဘူး။ ရဲစခန်းနဲ့ ၉၆ တပ်၊ ၄၄ တပ်နဲ့ ဘိုက္ကားစစ်တပ်တို့မှာလည်း သွားမေးတာမသိဘူး၊ မရှိဘူးလို့ပဲ ပြောတယ်။ တချို့ကျတော့လည်း တရားရုံးမှာ ရုံးထုတ်တယ်ကြားတယ်ပြောလို့ တရားရုံးမှာနေ့တိုင်းသွားစောင့်လည်း မတွေ့ရဘူး။ ဖမ်းခံရတဲ့ရက်ကလည်း ကြာနေပြီး ခုထိ အဆက်အသွယ်မရသေးတော့ အသက်ရှင်လားတောင် မသိတော့ဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့အသင်းသား ၄ ယောက်နဲ့ ပတ်သက်ပြီး ကူညီပေးဖို့ လိုက်လံစုံစမ်းနေတယ်လို ကော့စနိုင် လူမှုကူညီရေးအသင်းသားတယောက်က ပြောပါတယ်။

“ဒီကိစ္စက သူတို့တဦးချင်းကလုပ်တဲ့ ပုဂ္ဂိုလ်ရေးကိစ္စပါ၊ အသင်းနဲ့တော့မဆိုင်ပါဘူး။ ရုံးလည်း ခုထိဖွင့်ထားပြီး လည်ပတ်နေတုန်းပါပဲ။ ဒါပေမယ့် သူတို့ကို ဘယ်မှာထိန်းသိမ်းထားလဲ ဘာအမှုတွေဖွင့်ထားလဲ ပတ်သက်ပြီး ကူညီဖို့ လိုက်စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ကော့စနိုင်လူမှုကူညီရေးအသင်းသား ၄ ယောက်နဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ အသင်းသား ၁၀ ယောက်ထက်မနည်းဟာ PDF တွေဆီမှာ ထမင်းသွားချက်စားတဲ့အတွက် စစ်ကောင်စီတပ်သားတွေက လိုက်လံဖမ်းဆီး အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ လူမှုကူညီရေးအသင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ကျိုက်ထိုမြို့ထဲက စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်ခတ်ဖမ်းဆီးတာတွေ မကြာခဏလုပ်ပြီး ဆိုင်ကယ်နှစ်ယောက်စီးခွင့်လည်း ပိတ်ထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013