
လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာကို တိုက်မဲ့ စစ်ပွဲအစီအစဉ်တွေကို အတည်ပြုဖို့ အစ္စရေးစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အီယယ်ဇာမီယာက အကြီးတန်းအရာရှိတွေနဲ့ အစည်းအဝေးလုပ်နေတဲ့ ဗီဒီယိုကို အစ္စရေးစစ်တပ်က မတ် ၂၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘိုလာတွေကို စစ်ဆင်ရေးအတွက် အစီအစဉ်တွေ အတည်ပြုဖို့ ဆွေးနွေးနေတာလို့ ကြေညာချက် တစောင်မှာ ဖော်ပြထားပါတယ်။
မတ် ၂၁ ရက်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဟစ်ဇ်ဘိုလာကို စစ်ဆင်ရေးက စခါစသာ ဖြစ်ပြီး ရှည်လျားတဲ့ စစ်ဆင်ရေးတခု ဖြစ်လာတော့မယ်လို့ ဇာမီယာက ပြောတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဗီဒီယိုရိုက်ကူးခဲ့တဲ့ နေရာနဲ့ ရက်စွဲကို လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပေမဲ့ ၂၀၂၆ ခုနှစ် မတ် ၂၂ ရက် မတိုင်မီ အွန်လိုင်းမှာ တင်ထားတဲ့ ဗီဒီယိုရဲ့ အရင်ဗားရှင်းကို မတွေ့ခဲ့ပါဘူး။
တနင်္ဂနွေနေ့ အစောပိုင်းမှာ အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်းနဲ့ နိုင်ငံရဲ့ ကျန်ဒေသတွေကို ဆက်သွယ်ထားတဲ့ အဓိကတံတားတစင်းကို ပစ်ခတ်ခဲ့ပြီး လက်ဘနွန်နိုင်ငံ လီတာနီ မြစ်ပေါ်က ဖြတ်ကျော်ဂိတ်အားလုံးကို ဖျက်ဆီးဖို့နဲ့ တောင်ပိုင်းနယ်စပ်အနားက အိမ်တွေကို ဖြိုဖျက်ဖို့ စစ်တပ် ကို အမိန့်ပေးခဲ့ပါတယ်။
တံတားတွေ အိမ်တွေ ဖျက်ဆီးခံရခြင်းဟာ မတ် ၂ ရက်မှာ လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာက အစ္စရေးနယ်မြေထဲ ဒုံးကျည်တွေ အမြောက်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသတွင်းစစ်ပွဲထဲ ဆွဲသွင်းခံခဲ့ရတဲ့ လက်ဘနွန်နိုင်ငံမှာ အစ္စရေးရဲ့ စစ်ရေးလှုပ်ရှားမှုအတွင်း သိသာထင်ရှားတဲ့ တိုးတက်မှုတခုကို အမှတ်အသားပြုထားပါတယ်။
Source: Reuters










