DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ၃ မြို့နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ MSF ရပ်ဆိုင်း
DVB
·
June 29, 2024
ရခိုင်ပြည်နယ် ၃ မြို့နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ MSF ရပ်ဆိုင်း
1 / 3
Donate to DVB

စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်မြောက်ပိုင်းက မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တို့မှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)က ဇွန် ၂၇ ရက်မှာ  ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာတွေ၊ အရပ်သားတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုတွေကို လုပ်ဆောင်ဖို့ ကန့်သတ်ချက်တွေ ရှိလာတာကြောင့် အဆိုပါ မြို့နယ် ၃ မြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရပ်ဆိုင်းလိုက်ရတာလို့  MSF ကဆိုထားပါတယ်။

 MSF  ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရွေ့လျားဆေးခန်း ၁၄ ခု ဖွင့်လှစ်ထားပြီး ရခိုင်၊ ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ပေးအပ်နေတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

တိုက်ပွဲဒဏ်ကို ပြင်းထန်စွာ ခံစားနေကြရတဲ့ ပြည်သူတွေဟာ အသက်အိုးအိမ်ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရတာ၊ အဓမ္မခိုင်းစေခိုင်ရတာ၊ နေရပ်ရွှေ့ပြောင်းခံရတာနဲ့ ဘေးကင်းရာကို ရွှေပြောင်းနိုင်မယ့် အခွင့်အရေးမရှိတဲ့ကြားက လူသားချင်းစာနာမှုအထောက်အပံ့တွေကလည်း ကန့်သတ်ခံထားကြရတယ်လို့ MSF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တာကြောင့် ဒေသခံတွေရဲ့ လိုအပ်ချက်များပြားနေစဉ်မှာ ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်ပါ အလုံးစုံ ပြတ်တောက်သွားရတာလည်း ဖြစ်ပါတယ်။

နယ်စည်းမထားဆရာဝန်များအသင်းက အကူအညီတွေရပ်ဆိုင်းလိုက်တာက ရခိုင်မြောက်ပိုင်းက ဒေသခံတွေအတွက် ကျန်းမာရေး စောင့်ရှောင်မှုမှာ များစွာထိခိုက်နိုင်တယ်လို့ မောင်တောမြို့နယ်က မွတ်ဆလင်အမျိုးသားတဦးက ပြောပါတယ်။

“MSF အဖွဲ့ရပ်ဆိုင်းလိုက်တာက ဒေသခံတွေအတွက် တော်တော်လေးကို ကျန်းမာရေး စိန်ခေါ်မှု ရှိသွားပြီ။ အထူးသဖြင့် မွတ်ဆလင်တွေအတွက်ပေါ့။ လက်ရှိဒေသမှာ စစ်ရေးပြင်းထန်နေတာကြောင့် ဘာကျန်းမာရေး စောင့်ရှောက်မှုမှမရှိဘူး။ အခုနိုင်ငံတကာ အဖွဲ့အစည်းတွေကပါ ထွက်သွားတယ်ဆိုရင်တော့ ပိုပြီးခက်ခဲ သွားပြီး ဒေသခံတွေအတွက် တော်တော်လည်းကို ထိခိုက်မှုရှိတယ်။”

မေ ၁၅ ရက်ကလည်း ဘူးသီးတောင်မှာရှိတဲ့ MSF ရုံးနဲ့ ဆေးဝါးသိုလှောင်ရုံတွေဟာလည်း လုယက် မီးရှို့ခံရကာ မီးလောင်ပျက်စီးခဲ့ရပြီး ဘူးသီးတောင်မှာ ပုဂ္ဂလိကနဲ့ ပြည်သူ့ကျန်းမာရေး လုပ်ငန်းအားလုံး လည်ပတ်နိုင်ခြင်းမရှိတော့ပါဘူး။

MSF အနေနဲ့ လက်ရှိမှာ အခုရပ်ဆိုင်းလိုက်ရတဲ့ ဒေသတွေမှာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ မဖြစ်နိုင်ပေမဲ့ ရခိုင်မြောက်ပိုင်းမှာရှိတဲ့ လူထုနဲ့ လူနာတွေအတွက် လိုအပ်တဲ့ လူသားချင်းစာနာမှု အထောက်အပံ့ပေးသွားမှာဖြစ်ပြီး ဒေသတည်ငြိမ်မှု တိုးတက်လာတာနဲ့ လုပ်ငန်းတွေကို ပြန်လည်စတင်နိုင်ဖို့ ရခိုင်မြောက်ပိုင်းမှာ ဆက်လက်အခြေစိုက်နေဆဲလို့ ဆိုပါထားပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ အကြား တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံ ၅ သိန်းကျော် နေရပ်စွန်ခွာထွက်ပြေးနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013