DVB Logo
Home
နိုင်ငံတကာ
ခရိုအေးရှား အမှိုက်ပုံကြီးတွင် စစ်အတွင်း အသတ်ခံရသူ ၁၀ ဦး၏ ရုပ်အလောင်း တွေ့ရှိ
DVB
·
June 28, 2024
ခရိုအေးရှား အမှိုက်ပုံကြီးတွင် စစ်အတွင်း အသတ်ခံရသူ ၁၀ ဦး၏ ရုပ်အလောင်း တွေ့ရှိ
Donate to DVB

ခရိုအေးရှားနိုင်ငံ၊ ဗူကိုဗာမြို့တော်အနီးရှိ ပက်ထရိုဗက်ချ်ကာ ဒိုးလာ အမှိုက်ပုံကြီးမှာ လူ ၁၀ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီလအစောပိုင်းမှာ တွေ့ရှိခဲ့ပြီးနောက် ဇွန် ၂၇ ရက်မှာ နေကြာပန်းခင်းတွေ ဝန်းရံထားတဲ့ အမှိုက်ပုံကြီးမှာ မြေကော်စက်တွေနဲ့ အမှိုက်တွေကို ထိုးကော်ရှင်းလင်းပြီး နှစ်ပေါင်း ၃၀ ကျော်အကြာက စစ်ပွဲမှာ သေဆုံးသွားရသူတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေနေပါတယ်။

ပက်ထရိုဗက်ချ်ကာ ဒိုးလာ အမှိုက်ပုံကြီးဟာ ဗူကိုဗာမြို့နဲ့ အနီးတဝိုက်အတွက် လက်ရှိအချိန်မှာလည်း နေ့စဉ် အမှိုက်စွန့်ပစ်နေဆဲ ဖြစ်ပါတယ်။

စုံစမ်းရေးမှူးတွေကတော့ ဒီအမှိုက်ပုံကြီးဟာ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားရာ သင်္ချိုင်းနေရာ ဖြစ်မယ်လို့ ယူဆထားကြပြီး ဒီနေရာမှာ နောက်ထပ်မြှုပ်နှံခံထားရတဲ့ ရုပ်အလောင်းတွေလည်း ရှိဦးမယ်လို့ စစ်မှုထမ်းဟောင်းများ ဝန်ကြီးဌာနရဲ့ လူပျောက်ရှာဖွေရေးဌာန အကြီးအကဲ အီဗိုနာ ပါလ်ထရီးညယ်ရီက ပြောပါတယ်။

ခရိုအေးရှားနိုင်ငံဟာ ၁၉၉၁-၁၉၉၅ ခုနှစ် လွတ်လပ်ရေးစစ်ပွဲမှာ ခရိုအေးရှား နိုင်ငံတဝန်းလုံး ပျောက်ဆုံးနေသူ ၁,၇၉၇ ဦးကို ရှာဖွေနေဆဲဖြစ်ပြီး အဲဒီထဲမှာ ဗူကိုဗာ-စရီအမ် ကောင်တီကနေ ပျောက်ဆုံးနေသူ ၅၀၀ လောက် ပါဝင်ကြောင်းလည်း ဆိုပါတယ်။

ခရိုအေးရှားမှာ အစုလိုက်အပြုံလိုက် သင်္ချိုင်းပေါင်း ၁၅၀ လောက်နဲ့ တဦးချင်း မြှုပ်နှံထားတဲ့ သင်္ချိုင်းအများအပြားကို တွေ့ရှိခဲ့ပြီးပေမဲ့ ဒီအမှိုက်ပုံနေရာကြီးကတော့ ပျောက်ဆုံးသူတွေကို ရှာဖွေဖို့ရာ ဆယ်စုနှစ်များစွာအတွင်း အခက်ခဲဆုံး၊ အကျယ်ဆုံးနဲ့ အရှုပ်ထွေးဆုံးနေရာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

၂ နှစ်အတွင်းမှာ အမှိုက်ပုံကြီးရဲ့ အနက် ၁၄ မီတာထိ တူးခဲ့ပြီးတော့ ကုဗမီတာ ၉၀,၀၀၀ ကျော်ရှိတဲ့ အမှိုက်တွေကိုလည်း တူးထုတ်ရှာဖွေခဲ့တာမှာ ခုတော့ လူ ၁၀ ယောက်အကြောင်း ပြောနိုင်ခဲ့ပြီလို့ စစ်မှုထမ်းဟောင်းများ ဝန်ကြီးဌာနရဲ့ လူပျောက်ရှာဖွေရေးဌာန အကြီးအကဲ အီဗိုနာ ပါလ်ထရီးညယ်ရီက ပြောပါတယ်။

လုံခြုံရေးပိုင်း ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ သတင်းအချက်အလက်တွေအရ ဒီနေရာဟာ နောက်ထပ် ရှာဖွေရမယ့်လူတွေ ကျန်ရှိနေသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။

နောက်တဆင့်မှာ မျိုးရိုးဗီဇ DNA ခွဲခြမ်းစိတ်ဖြာမှုကို အခြေခံပြီး ပျောက်ဆုံးနေတဲ့ ဆွေမျိုးတွေကို ရှာဖွေနေကြတဲ့ လူပေါင်း ၁၀,၀၀၀ လောက်ရဲ့ DNA နဲ့ ကိုက်ညီတဲ့ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013