DVB Logo
Home
မြန်မာသတင်း
ဈေးဝယ်စင်တာ‌နှင့် ဆန်အရောင်းဆိုင်များ၌ ဆန်ကို ရည်ညွှန်းဈေးဖြင့် ဝယ်ယူနိုင်ဟု ဆန်စပါးအသင်း ထုတ်ပြန်
DVB
·
June 28, 2024
ဈေးဝယ်စင်တာ‌နှင့် ဆန်အရောင်းဆိုင်များ၌ ဆန်ကို ရည်ညွှန်းဈေးဖြင့် ဝယ်ယူနိုင်ဟု ဆန်စပါးအသင်း ထုတ်ပြန်
Donate to DVB

ဈေးဝယ်စင်တာ‌တွေနဲ့ ဆန်အရောင်းဆိုင်တွေမှာ သတ်မှတ် ရည်ညွှန်းဈေးနဲ့ ဆန်ဝယ်ယူနိုင်တယ်လို့  စစ်ကောင်စီဩဇာခံ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပါတယ်။

လက်ရှိမှာ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာရှိတဲ့ ဆန်ဆိုင်တွေနဲ့ ဆန်စက်တွေ၊ ဆန်ပွဲရုံတွေမှာ ရည်ညွှန်းဈေးနဲ့ အဆက်မပြတ် ရောင်းချပေးနေပြီး ဈေးအရောင်းစင်တာ‌တွေ၊ Supermarket တွေနဲ့ Mini Mart တွေမှာလည်း ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနဲ့ ဧည့်မထဆန်‌တွေကို Consumer Pack တွေနဲ့ ရည်ညွှန်းဈေးနှုန်း‌တွေအတိုင်း ဇွန် ၂၇ ရက်ကစပြီး ပြန်လည်ရောင်းချပေးနေတယ်လို့ အသင်းချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရည်ညွှန်းဈေးသတ်မှတ်ပြီးနောက်မှာ စီးပွားရေးသမားတွေက အရှုံးခံမရောင်းနိုင်တာကြောင့် ဈေးဝယ်စင်တာ‌တွေနဲ့ ဆန်အရောင်းဆိုင်တွေမှာ ဆန်းအရောင်း ယာယီပိတ်ထားတာတွေ ရှိခဲ့ပါတယ်။ 

ရန်ကုန်မြို့နေ ပြည်သူတဦးက “ဆန်ဆိုင်တွေမှာပါ ရည်ညွှန်းဈေးနဲ့ အလွယ်တကူ ဝယ်လို့ရမယ်ဆိုရင်တော့ ကောင်းပါတယ်။ ထိထိရောက်ရောက်တော့ လုပ်ပေးစေချင်တယ်။ အခုက ဆန်ဈေးကျတယ်ဆိုပေမဲ့ ဘုရင့်နောင်နဲ့ ဝါးတန်းကုန်စည်ဒိုင်မှာပဲ ကျနေသလို ဖြစ်နေတာ” လို့ ပြောပါတယ်။

အသင်းချုပ်အနေနဲ့ ကျန်ရှိနေတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး‌တွေမှာလည်း ရည်ညွှန်းဈေးနဲ့အညီ ဆက်လက်တိုးချဲ့ ရောင်းချနိုင်ဖို့  စီစဉ်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နေပြည်တော်က ဆန်ဆိုင် ၇၈ ဆိုင်၊ ရန်ကုန်မှာ ဆန်ဆိုင် ၅၈ ဆိုင်နဲ့ မန္တလေးက ဆန်ဆိုင် ၁၅၀ တို့မှာ အထူးဧည့်မထ 10 Kg (၅ ပြည်ခန့်) တအိတ်ကို ၁၅,၀၀၀ ကျပ်၊ ပေါ်ဆန်း 10 Kg (၅ ပြည်ခန့်) တအိတ်ကို ၂၅,၀၀၀) ကျပ်နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့တွေ၊ ဌာနဆိုင်ရာအဖွဲ့အစည်း‌တွေ၊ စက်ရုံ အလုပ်ရုံ‌တွေနဲ့ ထမင်းဆိုင်တွေက လုပ်ငန်းသုံး အများသုံး ဝယ်ယူမှုတွေအတွက်လည်း အရေအတွက် အကန့်အသတ်မထားဘဲ သင့်တင့်မျှတတဲ့ ပမာဏအိတ်ရေကို ရည်ညွှန်းဈေးနဲ့ ဝယ်ယူနိုင်ဖို့ စီမံဆောင်ရွက်ပေးနေတယ်လို့လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ‌ပါရှိပါတယ်။

ပြည်တွင်း ဆန်ဈေးတွေ အဆမတန် ကြီးမြင့်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဇွန် ၂၁ ရက်မှာ ဆန်ကုန်သည်‌ေတွ၊ ဆန်စက်‌တွေကို ဖမ်းဆီးအရေးယူတာ၊ ဆန်စက်တွေ၊ ဂိုဒေါင်နဲ့ ပွဲရုံတွေကို ချိပ်ပိတ်တာ‌‌တွေ ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီနောက်မှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သက်သာတဲ့ဈေးနှုန်းတွေနဲ့ ဆန်ရောင်းချမယ့် အစီအစဉ်တွေကို အခုလို ဆက်တိုက်ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013