DVB Logo
Home
အားကစား
နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ခေါ်ယူရ် ချဲလ်ဆီး စုံစမ်း
DVB
·
June 28, 2024
နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ခေါ်ယူရ် ချဲလ်ဆီး စုံစမ်း
Donate to DVB

ချဲလ်ဆီးအသင်းဟာ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကိုခေါ်ယူဖို့ မေးမြန်းစုံစမ်းခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်ရှိ ဆွီဒင်တိုက်စစ်မှူးဟာ မနှစ်ကရာသီကသွင်းဂိုးစုစုပေါင်း ၂၅ ဂိုး သွင်းယူ နိုင်ခဲ့သူပါ။

နယူးကာဆယ်အသင်းက ခြေစွမ်းပြခဲ့တဲ့ အီဆက်ခ်ကို ဆက်ထိန်းထားလိုပေမဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် သတ်မှတ်တဲ့ပြောင်းရွှေ့ကြေးရရှိမယ်ဆိုရင် ရောင်းချသွားဖို့ရှိပါတယ်။

ချဲလ်ဆီး အသင်းဘက်ကတော့ အီဆက်ခ်ကို ခေါ်ယူမယ်ဆိုရင် ကလပ်အသင်းသမိုင်းတလျှောက် စံချိန်တင် ပြောင်းရွှေ့ကြေးပေးမှ ခေါ်ယူနိုင်မယ်ဆိုတာ သိရှိနားလည်ထားတယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။

ချဲလ်ဆီးအသင်းဟာ ကွင်းလယ်လူ ကိုင်စီဒိုအတွက် စံချိန်တင် ပေါင် ၁၁၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး အီဆက်ခ်ကို ခေါ်ယူမယ်ဆိုရင် အဲဒီပမာဏထက် ပိုပြီးပေးချေရနိုင်တယ်လို့သိရပါတယ်။

ချဲလ်ဆီး အသင်းဟာ တိုက်စစ်ပိုင်းအတွက် အီဆက်ခ်အပြင် တခြားကစားသမား အများအပြားကိုလည်း ခေါ်ယူဖို့ ချိတ်ဆက် လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013