DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ကျောက်ဖြူတွင် စစ်တပ်စစ်ကြောင်း ချေမှုန်းခံရပြီး စခန်း ၁ ခု သိမ်းပိုက်ခံရ
DVB
·
June 27, 2024
Photo : AA
Photo : AA
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီ တပ်မ ၁၁ အစား အသစ်ပြောင်းလာတဲ့ စကခ ၅ နဲ့ စုပေါင်းတပ်ဖွဲ့ဝင်တွေ စတင်ထိုးစစ်ဆင်ရာ အာရက္ခတပ်တော် (AA) ရဲ့ ချေမှုန်းခံရပြီး စစ်ကြောင်းပြိုကွဲကာ စခန်းငယ်တခုပါ သိမ်းပိုက်ခံရတယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

မတ် ၁၆ ရက် ညနေက သိုင်းချောင်းနဲ့ ​မင်းပြင်ကြားကို ခန့်မှန်းအင်အား ၇၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို AA က ချေမှုန်းခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ပထမခြေလှမ်း ပွဲဦးထွက် ထိုးစစ်ဆင်တာပါ။ အခုတော့ စစ်ကြောင်းလည်း ကျသွားတယ်၊ အနီးအနားက စခန်းငယ်တခုပါ သိမ်းပိုက်ခံရတယ်။”

အခုလို အင်အား ၄၀၀ ခန့် ဖြည့်ပြီးနောက် စစ်ကောင်စီက အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေကို ပထမဆုံးအကြိမ် ထိုးစစ်ဆင်ရာ စစ်ကြောင်း လုံးဝပြိုကွဲသွားပြီး အနီးအနားက စခန်းတခုပါ သိမ်းပိုက်ခံလိုက်ရတာပါ။

သိမ်းပိုက်ခံလိုက်ရတဲ့ စခန်းနဲ့ ပြိုကွဲသွားတဲ့ စစ်ကြောင်းက တပ်ဖွဲ့ဝင်တချို့ကို AA က လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိတယ်လို့ သူက ဆက်ပြောပါတယ်။

“ထွက်ပြေးနေတဲ့ တပ်ဖွဲ့ဝင်တချို့ကို AA က ဖမ်းဆီးရမိတာတွေ ရှိတယ်။ နောက်ပြီး ကစဉ့်ကလျား ထွက်ပြေးသူတချို့နဲ့ စစ်ကူလာတဲ့စစ်ကြောင်း ပူးပေါင်းပြီး ပြန်တိုက်နေတာတွေလည်း ရှိတယ်။”

စစ်ကောင်စီက ကျောက်ဖြူမှာ တပ်မ ၁၁ ရှိနေတုန်းကလည်း အင်အားထောင်ချီ ဖြည့်တင်းပြီး AA ထိန်းချုပ်နယ်မြေကို ကြေး၊ ရေ၊ လေ ပူးပေါင်းကာ တနှစ်ခန့် ထိုးစစ်ဆင်ခဲ့ပေမဲ့ တပ်မ ၁၁ က တပ်မမှူးကိုယ်တိုင် ကျဆုံးပြီး အရာရှိပိုင်း အဆင့်တွေပါ အာရက္ခတပ်တော်ရဲ့ ဖမ်းဆီးခံထားရတာတွေလည်း ရှိတယ်လို့ ဒေသခံ စစ်ရေးနီးစပ်သူတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013