DVB Logo
Home
အားကစား
တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကို လက်ထောက်နည်းပြအဖြစ် မန်ယူခန့်အပ်မည်
DVB
·
June 25, 2024
တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကို လက်ထောက်နည်းပြအဖြစ် မန်ယူခန့်အပ်မည်
Donate to DVB

မန်ယူအသင်းဟာ တိုက်စစ်မှူးဟောင်း ရုဒ်ဗန်နစ္စတယ်ရွိုင်းကို အသင်းနည်းပြအဖွဲ့စာရင်းမှာ လက်ထောက်နည်းပြတဦးအဖြစ် ခေါ်ယူခန့်အပ်ဖို့ရှိပါတယ်။

မန်ယူအသင်းဘက်က တရားဝင် သတင်းထုတ်ပြန်မူရှိသေးပေမဲ့ ဟော်လန်ကလာတဲ့ သတင်းတွေအရ နစ္စတယ်ရွိုင်းဟာ မန်ယူအသင်းရဲ့ လက်ထောက်နည်းပြဖြစ်လာမယ်လို့ ရေးသားကြပါတယ်။

နည်းပြချုပ်အဲရစ်တန်ဟတ်ဂ်ရဲ့ လက်ထောက်နည်းပြတဦးဖြစ်သူ မစ်ချယ်ဗန်ဒါရတ်နဲ့ တိုက်စစ်ပိုင်းနည်းပြ ဘန်နီမက္ကာသီတို့ဟာလည်း စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်တာကြောင့် နစ္စတယ်ရွိုင်းကို အစားထိုးခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

နစ္စတယ်ရွိုင်းဟာ ဟော်လန်အသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ပီအက်စ်ဗွီအသင်းကိုလည်း တာဝန်ယူခဲ့ဖူးပါတယ်။

အသက် ၄၇ နှစ်ရှိ တိုက်စစ်မှူးဟောင်းဟာ  ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ မန်ယူအသင်းအတွက် စုစုပေါင်း ၂၁၉ ပွဲ ကစားခဲ့ပြီး ဂိုး ၁၅၀ သွင်းယူခဲ့သူ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013