DVB Logo
Home
မြန်မာသတင်း
အင်ဖာထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူများထဲက ၂ ဦး ဆေးကုသမှုခံယူနေရ
DVB
·
June 24, 2024
အင်ဖာထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူများထဲက ၂ ဦး ဆေးကုသမှုခံယူနေရ
Donate to DVB

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြနေသူတွေထဲက အမျိုးသား ၂ ဦး ဆေးကုသမှုခံယူနေရတယ်လို့ India for Myanmar အဖွဲ့ဆီက သိရပါတယ်။

အစာငတ်ခံ ဆန္ဒပြနေကြသူတွေထဲက ၆၆ ဦးဟာ လက်ရှိမှာ အစာငတ်ခံနေကြရဆဲဖြစ်ပြီး အများစုမှာ အိပ်ယာထဲ လဲနေကြတာကာ ၂ ဦးကတော့ ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။

လက်ရှိမှာ အစာငတ်ခံ ဆန္ဒပြသူတွေထဲက အမျိုးသားကြီး ၂ ဦးဟာ အင်ဖာထောင်တွင်းက ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

India For Myanmar က ဆလိုင်းဒိုခါက “အခုသိထားသလောက်ကတော့ ထောင်ထဲမှာရှိတဲ့ ဆေးရုံမှာပဲ ဆေးကုသမှုခံယူနေတယ်။ အစာငတ်ခံဆန္ဒပြသူများ အခြေအနေသိထားချက်အရ ၆၆ ဦးက ဆက်လက် ဆန္ဒပြနေပါတယ်။ အများစု အိပ်ရာက မထနိုင်တဲ့ အခြေအနေရောက်နေပြီး ၂ ဦး ဆေးကုသမှုခံယူနေတဲ့ အခြေအနေ ရောက်သွားပေမဲ့ ထောင်တာဝန်ရှိတဲ့သူတွေက ဘာမှသူတို့တောင်းဆိုချက်ကို မဆောင်ရွက်ပေးသေးပါဘူး” လို့ ပြောပါတယ်။

ထောင်တွင်းအသံတိတ် အစာငတ်ခံဆန္ဒပြရာကနေ ကြွေးကြော်သံထွက်ဆိုပြီး ဆက်လက်ဆန္ဒပြသွားဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

မဏိပူရ်ပြည်နယ် အင်ဖာထောင်တွင်းက အကျဉ်းသားတွေ ဇွန် ၁၆ ရက်ကစလို့ အစာငတ်ခံ ဆန္ဒပြခဲ့ကြပြီး ဇွန် ၁၇ ရက် ညနေမှာ အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အင်ဖာထောင်အတွင်းက အကျဉ်းသားအများစုဟာ သူတို့ကျခံရမယ့် ပြစ်ဒဏ်ငွေဒဏ်တွေ ကျခံပြီးဖြစ်ပေမဲ့  ထောင်တွင်းမှာ နှစ်ချီဆက်လက်ထိန်းသိမ်းခံထားရသူတွေ ဖြစ်ပါတယ်။

နိုင်ငံတကာအနေနဲ့လည်း အစာငတ်ခံ ဆန္ဒပြနေတဲ့ မြန်မာပြည်သူတွေကို ကူညီပေးဖို့ India For Myanmar က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013