DVB Logo
Home
မြန်မာသတင်း
အင်ဖာထောင်တွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ၁၀၅ ဦးကို ပြန်လွှတ်ပေးရန် တောင်းဆို
DVB
·
December 23, 2023
အင်ဖာထောင်တွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ၁၀၅ ဦးကို ပြန်လွှတ်ပေးရန် တောင်းဆို
Donate to DVB

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၀၅ ယောက် ကို အမြန်ပြန်လွှတ်ပေးဖို့ Indian For Myanmar က တောင်းဆိုလိုက်ပါတယ်။

အခုနှစ် ဩဂုတ်လကစတင်ပြီး မဏိပူရ်ပြည်နယ်ကို ခိုလှုံလာသူတွေနဲ့ နယူးဒေလီမြို့ကို သွားဖို့ ကြိုးပမ်းတဲ့ အသက် ၁၈ နှစ်အောက် လူငယ် ၂၂ ယောက် အပါအဝင် အမျိုးသား ၇၅ ယောက်နဲ့ အမျိုးသမီး အယောက် ၃၀ ပါဝင်တဲ့ မြန်မာစစ်ဘေးရှောင် ၁၀၅ ယောက်ကို မဏိပူရ်ပြည်နယ်၊ အင်ဖာထောင်မှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကို နိုင်ငံခြားသား ထိန်းသိမ်းရေးစင်တာကို ပြောင်းရွှေ့ပြီး ထိန်းသိမ်းခံရသူတွေထဲက ၈၆ ယောက်ကို ထောင်ဒဏ်နဲ့ငွေဒဏ်ကျခံပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှာ လွှတ်ပေးမယ်လို့ ထောင်အာဏာပိုင်တွေက ကတိပြုထားပေမဲ့ မြန်မာနိုင်ငံဘက် ပြန်ပို့မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်လက် ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

သတ်မှတ်ရက်မှာ မလွှတ်ပေးတဲ့အတွက် ဖမ်းဆီးခံ မြန်မာနိုင်ငံသားတွေက ဒီဇင်ဘာ ၁၆ ရက်နေ့ကစပြီး အစာငတ်ခံ ဆန္ဒပြခဲ့ကြပြီး သူတို့ကို ဒီဇင်ဘာ ၁၈ ရက်နေ့ကစလို့ နှင်းကျတဲ့နေရာမှာ အအေးခံအိပ်စေတာ၊ အဝတ်အစားတွေချွတ်ပြီး ရိုက်နှက်တာတို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

India For Myanmar ရဲ့ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဆလိုင်းဒိုခါရ်က “ မဏိပူရ်ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရဘက်က ဘာမှ တုံ့ပြန်တာတော့ မရှိသေးဘူး။ ပြည်ထောင်စုအစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကတော့ သက်ဆိုင်ရာကို အကြောင်းကြားထားပြီလို့တော့ ပြောတယ်” ပြောပါတယ်။

နိုင်ငံခြားသားဥပဒေနဲ့ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ခြွင်းချက်မရှိ အမြန်လွှတ်ပေးပြီးတော့ အစိုးရအနေနဲ့ မြန်မာစစ်ဘေးရှောင်တွေကို မဏိပူရ်ပြည်နယ်မှာ နေထိုင်ခွင့်မပြုလိုရင် မီဇိုရမ်ပြည်နယ်နဲ့ UNHCR-India နယူးဒေလီဆီမှာ ခိုလှုံခွင့်ရဖို့ ကူညီပေးသင့်တယ်လို့ India For Myanmar က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013