DVB Logo
Home
မြန်မာသတင်း
သံတွဲလေဆိပ်ကို AA သိမ်းပိုက်၊ စစ်ကောင်စီဝန်ထမ်း မိသားစုများ ထွက်ပြေးတိမ်းရှောင်
DVB
·
June 24, 2024
သံတွဲလေဆိပ်ကို AA သိမ်းပိုက်၊ စစ်ကောင်စီဝန်ထမ်း မိသားစုများ ထွက်ပြေးတိမ်းရှောင်
1 / 5
Donate to DVB

သံတွဲလေဆိပ်ကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ ငပလီမြို့ကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သံတွဲလေဆိပ်နဲ့ ငပလီကမ်းခြေနားတဝိုက်မှာရှိတဲ့ ခမရ ၅၆၆၊ ခလရ ၅၅ စစ်ကောင်စီတပ်စခန်းတွေကို မနေ့ ဇွန် ၂၃ ရက် မနက်ပိုင်းမှာ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ မြို့ခံပရဟိတလုပ်ကိုင်နေသူတဦးက ပြောပါတယ်။

“စစ်တပ်က AA တပ်တော်ရဲ့ ထိုးစစ်ကို မခံနိုင်တော့လို့ လေယာဥ်ကွင်းကနေ တပ်ဆုတ် ထွက်ပြေးကြတာပေါ့။ ငပလီမှာရှိတဲ့ စစ်တပ်မိသားစုတွေလည်း ရန်ကုန်ကို ပြေးဖို့အတွက် ကားလိုက်ငှားနေကြတာ။ မနေ့တုန်းကဆိုရင် နာရေးကားပါမကျန်ဘူး ငှားနေကြတာ။”

သံတွဲလေဆိပ်ကို ခလရ ၅၅ နဲ့ ခမရ ၅၆၆ တပ်တို့က ပူးပေါင်းထုတ်နုတ်အင်အား အပါအဝင် ဧရာဝတီတိုင်းက စစ်အင်အားတွေနဲ့ပါ ပူးပေါင်းတပ်စွဲထားပေမဲ့ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို မခံနိုင်ဘဲ လေဆိပ်ကို စွန့်လွှတ်လိုက်ရတာဖြစ်ကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ် ပြောဆိုထားပါတယ်။

အလားတူ စစ်ကောင်စီက ပိတ်ဆို့ထားတဲ့ သံတွဲမြို့ဝင် စာနီတောင် မောင်းတံဂိတ်ကိုလည်း ဇွန် ၂၃ ရက် မွန်းလွဲပိုင်းမှာ ဖွင့်ပေးလိုက်ပြီးနောက် ဒေသခံထောင်ချီ မြို့ကို စွန့်ခွာရှောင်တိမ်းနေကြကြောင်း သိရပါတယ်။

သံတွဲလေဆိပ်ကို AA က သိမ်းပိုက်ပြီးနောက် လေယာဉ်ကွင်းထဲရှိ တပ်မမှူးတွေ အပါအဝင် ဗျူဟာမှူးတွေနဲ့ တခြားဗိုလ်အဆင့်တွေ ဖမ်းဆီးခံထားရကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ဇွန် ၂၂ ရက် ညပိုင်းကလည်း သံတွဲမြို့အနီး ရွှေကျောင်းပြင်ရွာကို AA ဝင်ရောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့ရာ နေအိမ် ၂ လုံး ပျက်စီးခဲ့ပြီး ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013