DVB Logo
Home
မြန်မာသတင်း
အမ်း၊ မြေပုံနှင့် သံတွဲတွင် စစ်တပ် ပစ်ခတ်ဗုံးကြဲမှုကြောင့် ပြည်သူ ၂၅ ဦး သေဆုံး ဒဏ်ရာရ 
DVB
·
June 23, 2024
အမ်း၊ မြေပုံနှင့် သံတွဲတွင် စစ်တပ် ပစ်ခတ်ဗုံးကြဲမှုကြောင့် ပြည်သူ ၂၅ ဦး သေဆုံး ဒဏ်ရာရ 
Donate to DVB

ရခိုင်ပြည်နယ်၊   မြေပုံမြို့နယ်၊  အမ်းမြို့နယ်နဲ့ သံတွဲမြို့နယ်တို့မှာ ဇွန် ၁၉ ရက်ကနေ ၂၁ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်  အရပ်သားပြည်သူ အနည်းဆုံး ၉  ဦး သေဆုံးကာ ၁၆ ဦးဒဏ်ရာရသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

မြေပုံမြိုနယ်မှာ ဇွန် ၂၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို ပြည်သူ ၃ ဦး အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို ဒေသခံတွေဆီကနေ သိရပါတယ်။

မြေပုံမြို့နယ်၊ စညှင်းကျေးရွာကို ဇွန် ၂၁ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် တစင်းနဲ့  ဗုံးတလုံး ကြဲခဲ့တယ်လို စညှင်းကျေးရွာသားတဦးက DVB ကိုပြောပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် စညှင်းကျေးရွာက အသက် ၅၃ နှစ် အရွယ် ဦးမောင်သောင်း၊ အသက် ၅၅ နှစ်အရွယ် ဒေါ်အလှချေနဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်ဦးသာဖြူတို့ ဗုံးစထိမှန်ပြီး အပြင်းထန်ဒဏ်ရာရရှိခဲ့လို့ အရေးပေါ်ဆေးဝါးကုသမှုခံယူနေရတာလို့ ဒေသခံက ပြောပါတယ်။

“ကျနော်တို့ မြေပုံမြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားပြီးသားပါ။ ဘာတိုက်ပွဲမှ ဖြစ်ပွားတာမရှိဘဲ့ စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတာ။”

မြေပုံမြို့နယ်မှာ ဇွန် ၁၉ ရက် မနက်ကလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို ပြည်သူ ၂ ဦး သေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အမ်းမြို့နယ်မှာလည်း ဇွန် ၂၀ ရက် မွန်းလွဲပိုင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ် အပါအဝင် ၃  ဦးသေဆုံးကာ ၂  ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Photo - CJ

အမ်းမြို့နယ် သဲကမ်းထောင်းကျေးရွာကို ဇွန် ၂၀ ရက် မွန်းလွဲ ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်တစင်းနဲ့ ဗုံး ၂ လုံးကြဲခဲ့တယ်လို့ အမ်းမြို့ဒေသခံက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် သဲကမ်းထောင်းကျေးရွာက အသက် ၄ နှစ်အရွယ် မောင်နေမိုးထက်၊ အသက် ၁၇ နှစ်အရွယ် မမေဇင်အေးနဲ့ အသက် ၂၅ နှစ်အရွယ် ကိုသန်းဝင်းနိုင်တို့ ဗုံးစထိမှန်သေဆုံးခဲ့ပြီး အသက် ၄၅ နှစ် အရွယ်ဦးမောင်ပုနဲ့ အသက် ၆၈ နှစ်အရွယ် ဒေါ်မယဥ်အေးတို့ ဒဏ်ရာရှိခဲ့ ပါတယ်။

အဲဒီနောက် ကဇုကိုင်းရွာထဲနဲ့ ဆင်ဦးတိုက်ရွာဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့လို့ ဘုန်းကြီးကျောင်းအဆောက်ဦနဲ့ နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။

အလားတူ သံတွဲမြို့နယ်မှာလည်း ဇွန် ၂၁ ရက်က ညနေ ၃ နာရီကျော်လောက်မှာ သံတွဲမြို့နဲ့ ၃ မိုင်လောက်ဝေးတဲ့ နတ်ပြင်ရွာနဲ့ ကျောင်းတိုက်ရွာတို့ကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံ အရပ်သား ၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရသွားပါတယ်။

ဒါ့အပြင် ဇွန် ၂၀ ရက် မနက်ပိုင်း စစ်ကောင်စီရဲ့ ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ စစ်ဘေးရှောင်ပြည်သူ အမျိုးသမီး  ၃ ဦး သေဆုံးကာ ၂  ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သံတွဲမြို့နယ် ရွှေလှေကျေးရွာဘက်ကို ဇွန် ၂၀ ရက် မနက် ၁၁ နာရီလောက်မှာ သံတွဲမြို့နားမှာရှိတဲ့ စစ်ကောင်စီရဲ့ ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရွှေလှေကျေးရွာဒေသခံက ပြောပါတယ်။

လက်နက်ကြီးကျည်တလုံးဟာ ရွှေလှေရွာထဲမှာကျရောက်ပေါက်ကွဲကာ ဆင်ခေါင်းကျေးရွာက စစ်ဘေးတိမ်းရှောင်လာတဲ့ အသက် ၈၈ နှစ်အရွယ် ဒေါ်ကြည်စိန်၊ အသက် ၅၄ နှစ်အရွယ် ဒေါ်စောသိန်းနဲ့ အသက် ၅၁ နှစ်အရွယ် ဒေါ်ခင်ရီတို့ လက်နက်ကြီးကျည်စထိမှန် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဆင်ခေါင်းကျေးရွာက အသက် ၁၇ နှစ်အရွယ် ကိုထွန်းလင်းဇော်နဲ့ အသက် ၇၁ နှစ်အရွယ် ဒေါ်မငယ်တို့မှာ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့လို့ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ပြောပါတယ်။

သံတွဲမြို့နယ်မှာ ဇွန် ၁၇ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပြီး ပြည်သူတဦးသေဆုံးခဲ့ ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မေ ၁၃ ရက်အထိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပြည်သူ ၂၆၈ ဦးသေဆုံး၊ အယောက် ၆၄၀ ဒဏ်ရာရရှိခဲ့တယ်လို့ ULA/AA ရဲ့ လူသားချင်းစာနာထောက်ထားမှုနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က မေ  ၂၇ ရက်မှာ  ထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013