DVB Logo
Home
နိုင်ငံတကာ
တရုတ်နိုင်ငံတောင်ပိုင်းခရိုင် မိုးသည်းထန်မှုကြောင့် လူပေါင်း ၃၈ ယောက် သေဆုံး 
DVB
·
June 22, 2024
တရုတ်နိုင်ငံတောင်ပိုင်းခရိုင် မိုးသည်းထန်မှုကြောင့် လူပေါင်း ၃၈ ယောက် သေဆုံး 
Donate to DVB

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ ဖင်းယွမ်ကောင်တီမှာ မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ဇွန် ၂၁ ရက်အထိ လူ ၃၈ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၂ ဦး ရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ 

ဇွန် ၁၆ ရက်က ကောင်တီမှာ မနက် ၈ နာရီကနေ ည ၂၀ နာရီအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြေပြိုမှုတွေ၊ ရေကြီးရေလျှံဖြစ်မှုတွေနဲ့ ရွှံ့ပြိုဆင်းမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဧပြီ ၄ ရက်မှာ ရေကြီးရာသီ စတင်ချိန်ကတည်းက ဖင်းယွမ်မှာ စုစုပေါင်း မိုးရေချိန် ၁၂၂၁ ဒသမ ၆ မီလီမီတာရရှိခဲ့ပြီး အရင်နှစ်တွေက ကာလတူမိုးရေချိန်ထက် ၂ ဆနီးပါး ရှိခဲ့ပါတယ်။ 

ကနဦး ခန့်မှန်းချက်တွေအရ ခရိုင်အတွင်း လူပေါင်း ၅၅,၃၈၈ ဦးလောက် ထိခိုက်ခဲ့ပြီး အိမ်ခြေ ၂,၂၄၇ လုံး ပြိုကျကာ နေအိမ် ၃,၂၀၃ လုံး ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ်ကြောင့် လမ်း ၈၂ ခု ပိတ်ခဲ့ရပြီး လမ်းပိုင်း ၄၆၉၇ ခု ပြိုကျကာ လမ်းအရှည် ၃၅၆ ကီလိုမီတာ ပျက်စီးခဲ့ပါတယ်။ 

သီးနှံခင်းပေါင်း ၆၇၅၉ ဟက်တာနဲ့ ငါးကန် ၄၅၂ ဟက်တာ ထိခိုက်ခဲ့ပါတယ်။ ဆက်သွယ်ရေး တာဝါ တိုင်တွေ၊ ဓာတ်အားပေးစက်ရုံတွေ၊ ရေပေးဝေရေးစီမံကိန်းတွေနဲ့ ပိုက်လိုင်းတွေအထိ ပျက်စီး ကုန်တာ ဖြစ်ပါတယ်။ 

တိုက်ရိုက်စီးပွားရေးဆုံးရှုံးမှုဟာ ယွမ် ၅ ဒသမ ၈၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၀၅ ဒသမ ၇ သန်းလောက်) ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ 

ကယ်ဆယ်ရေး၊ ဘေးအန္တရာယ် လျော့ပါးသက်သာရေးနဲ့ သဘာဝဘေး အပြီး ပြန်လည် တည်ဆောက်ရေး ကြိုးပမ်းမှုတွေကို ဆောင်ရွက်နေကြောင်း စီစီတီဗီသတင်းဌာနက ဖော်ပြ ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013