DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း သေဆုံးသူ  ၅၃၀၀ ကျော်ရှိလာ
DVB
·
June 22, 2024
စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း သေဆုံးသူ  ၅၃၀၀ ကျော်ရှိလာ
Donate to DVB

နိုင်ငံတဝန်းမှာ အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၅,၃၀၀ ကျော်အထိရှိလာပြီလို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း( AAPP) က ထုတ်ပြန်တယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်ကနေ ဒီကနေ့အထိ သီတင်းသုံးပတ်အတွင်း  စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ပြည်သူအယောက် ၇၀ သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်  ၁၃ ဦး ပါဝင်နေတယ်လို့ AAPP ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂၅ ဦးနဲ့ အမျိုးသား ၄၅ ဦးပါဝင်နေပြီး မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ၃၂ ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ကာ အယောက် ၃၀ ကတော့ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သုံးပတ်တာအတွင်း နိုင်ငံတဝန်း  ပြည်သူ ၃၄ ဦးကို နွေဦးတော်လှန်ရေးနဲ့ဆက်စပ် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းမှာ ၂၃ ဦးနဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၆၁၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၉,၂၂၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်းကတော့ ၁၂၄ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၁၆၇ ယောက် ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၆,၂၈၁ ယောက် ရှိခဲ့တယ်လို့  AAPP က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013