DVB Logo
Home
မြန်မာသတင်း
၁ လခန့်အတွင်း စစ်တပ်က အမျိုးသမီးအယောက် ၃၀ ကို သတ်ဖြတ်
DVB
·
February 27, 2024
၁ လခန့်အတွင်း စစ်တပ်က အမျိုးသမီးအယောက် ၃၀ ကို သတ်ဖြတ်
Donate to DVB

ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့အထိ ၁ လနီးပါးအတွင်း စစ်တပ် အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အမျိုးသမီးအယောက် ၃၀ သေဆုံးခဲ့ပြီး အဲဒီထဲက ထက် ဝက်ဖြစ်တဲ့ ၁၅ ယောက်ကတော့ စစ်ကိုင်းတိုင်းကဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

အဆိုပါ အယောက် ၃၀ ထဲမှာတော့ အသက် ၁၈ နှစ်အောက် သေဆုံးသူ ၄ ယောက်၊ အသက် ၆၀ နှစ်အထက် သေဆုံးသူ ၄ ယောက် ပါဝင်နေကာ စစ်အုပ်စု လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၉ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း အကြမ်း ဖက်စစ်အုပ်စုတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေချိန် စစ်အုပ်စုတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ရာ ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေ သခံအမျိုးသမီး ကျိန်ခေါကိမ်နဲ့ ကျိန်ခွမ်ဝုမ်တို့ဟာ ကျည်စထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်အာဏာသိမ်း ၃ နှစ်ကျော် ကာလတွေအတွင်း စစ်တပ် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူအယောက် ၄,၆၀၀ နီးပါးထိ ရှိလာခဲ့ပြီလို့ အေအေပီပီက ပြောပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင် တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၁၆၈ ယောက် လက်ရှိ ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၈,၈၂၇ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၂၁ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၆,၀၃၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆို ခံထားရတာတွေ၊ အဆိုပါကာလအတွင်း စစ်အုပ်စု လက်ချက်နဲ့ ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက ဖော်ပြပါ [email protected] အီးမေးလ်ဆီ တိုက်ရိုက်ပေးပို့ ဆက်သွယ် အကြောင်းကြားနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013