DVB Logo
Home
အားကစား
အုပ်စုဗိုလ်ဖြစ်ရေး ဆွစ်ဇာလန်ကို အနိုင်ကစားမည်ဟု  ဂျာမနီနည်းပြပြော
DVB
·
June 22, 2024
အုပ်စုဗိုလ်ဖြစ်ရေး ဆွစ်ဇာလန်ကို အနိုင်ကစားမည်ဟု  ဂျာမနီနည်းပြပြော
Donate to DVB

အုပ်စုပထမနေရာရဖို့ အရေးကြီးတာကြောင့် ဆွစ်ဇာလန်နဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို အနိုင် ကစားသွားမယ်လို့ ဂျာမနီနည်းပြ နာဂယ်စ်မန်းက ပြောသွားပါတယ်။

ယူရို ၂၀၂၄ ပြိုင်ပွဲအိမ်ရှင် ဂျာမနီအသင်းဟာ  ဟန်ဂေရီနဲ့ စကော့တလန်အသင်းတွေကို အနိုင်ရခဲ့ပြီးနောက် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။

ဒါပေမဲ့ အုပ်စု ပထမနေရာအတွက် ဆွစ်ဇာလန်ကို အနည်းဆုံးသရေကစားနိုင်ဖို့လိုအပ်မှာဖြစ်ပြီး ဆွစ်ဇာလန်ကိုရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ အုပ်စုဒုတိယနေရာရောက်သွားမှာပါ။

အုပ်စုတက်ပြီးသားဖြစ်ပေမဲ့ ပွဲစဉ်အားလုံး ကိုအနိုင်ရရှိချင်တာကြောင့် ပွဲထွက်လူစာရင်းကို အများကြီးပြောင်းလဲဖို့ မရှိကြောင်း နည်းပြနာဂယ်စ်မန်းက ပြောသွားပါတယ်။

ဂျာမနီအသင်းအနေနဲ့ အုပ်စုပထမနေရာရခဲ့မယ်ဆိုရင် ၁၆ သင်းအဆင့်မှာ အင်္ဂလန်၊ ဒိန်းမတ်၊ ဆလိုဗေးနီးယား၊ ဆားဘီးယားတို့ ပါဝင်တဲ့ အုပ်စု C က ဒုတိယရ အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013