DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ပေးရန် အမျိုးသမီးအဖွဲ့များ တောင်းဆို
DVB
·
June 21, 2024
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ပေးရန် အမျိုးသမီးအဖွဲ့များ တောင်းဆို
Donate to DVB

တော်လှန်ရေးကာလ ပဋိပက္ခတွေအတွင်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာ၊ လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားတာတွေကို တားဆီးကာကွယ်ပေးဖို့ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့တွေဆီ အမျိုးသမီးအဖွဲ့တွေပူးပေါင်းပြီး တောင်းဆိုလိုက်ပါတယ်။

အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကနေ ထိရောက်စွာကာကွယ်ပေးနိုင်ဖို့ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်မှာ မြန်မာအမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအဖွဲ့ ( Myanmar- Women, Peace and Security)  က ဦးဆောင်ပြီး အဖွဲ့စုံကအမျိုးသမီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ပွဲရလဒ်အနေနဲ့ အမျိုးသမီးတွေကို ပဋိပက္ခတွေအတွင်းမှာအကြမ်းဖက်တာ၊ လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားတာတွေ ခိုင်မာစွာ အကာအကွယ် ပေးနိုင်မယ့် ယန္တရားတခုကို ဖောင်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး သက်ဆိုင်ရာ အဖွဲ့အသီးသီးကို တောင်းဆိုတာဖြစ်တယ်လို့ မြန်မာအမျိုးသမီး ငြိမ်းချမ်းရေးနှင့်လုံခြုံရေး အဖွဲ့ရဲ့ မဟာမိတ်ညှိနှိုင်းရေးမှူးက ပြောပါတယ်။

“စိန်ခေါ်ခံရတဲ့အခါ တိုင်ကြားနိုင်တဲ့ ယန္တရား အားနည်းတဲ့အတွက်ကြောင့် အဲဒီတိုင်ကြားမှုကို မလုပ်ဆောင်နိုင်တဲ့ စိန်ခေါ်မှုတွေ ရှိနေခြင်းကြောင့်ပေါ့။ တော်လှန်‌ရေးတပ်ဖွဲ့တွေထဲမှာ တားဆီးကာကွယ်ခြင်း ယန္တရားအားကောင်းလာစေရန်အတွက် ပြုလုပ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်လည်း တောင်းဆိုမှုကို အစုအဖွဲ့တွေဆီ တောင်းဆိုခြင်းဖြစ်ပါတယ်၊ အဲတာကြောင့်မို့လို့ တော်လှန်ရေးအတွင်းမှာကို တားဆီးကာကွယ်ရေး ယန္တရားတည်ဆောက်ပြီးမှ အရေးယူဆောင်ရွက်သွားဖို့ကိုကျမတို့ လုပ်ဆောင်ခြင်းဖြစ်တယ်။ ပဋိပက္ခတွေ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တော်လှန်ရေးကာလမှာ တော်လှန်ရေး လုပ်နေသူတွေက အရေးဆောင်ရွက်ပြီး တရားမျှတမှု ပေးနိုင်မယ်ဆိုရင်တော့ ဒါသည်လည်း တော်လှန်ရေးရဲ့ အောင်မြင်မှုတခုဖြစ်တယ်လို့ ကျမတို့ ခံယူတယ်။”

အခုလို အမျိုးသမီးတွေ အကြမ်းဖက်ခံရတာဟာ စစ်အာဏာရှင်သက်ဆိုးရှည်နေတာရဲ့ ဆိုးကျိုးတွေဖြစ်တဲ့အတွက် စစ်ကောင်စီ အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ အရေးကြီးကြောင်းနဲ့ နိုင်ငံတကာအနေနဲ့လည်းလိုအပ်တဲ့ အကူအညီတွေ ပေးဖို့ကိုလည်း မြေပြင်မှာ အမျိုးသားတွေနဲ့တန်းတူ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ တကသများ-ရန်ကုန် ပြောရေးဆိုခွင့်ရှိသူ Christine က တိုက်တွန်းပါတယ်။

“ဒီလိုဖြစ်စဉ်တွေက တော်လှန်ရေးကာလကြာလာတာနဲ့ အမျှ ပိုပိုပြီးတော့ ဆိုးလာဖို့ပဲ ရှိမယ် လို့မြင်တယ်။ အဓိက ကတော့လက်နက်ကိုင်တိုက်ပွဲဝင်တဲ့ကာလ ကြာလာပြီပေါ့၊ ကြာလာတဲ့အခါ ဒီလို ကိစ္စတွေက ဘေးထွက်ဆိုးကျိုး တွေလို့ထင်တယ်၊ ဘယ်သူကပဲ ကျူးလွန်တဲ့သူဖြစ်ဖြစ် စစ်တပ်ဘက် ကပဲကျူးလွန်တာဖြစ်ဖြစ် ကျမတို့ တော်လှန်ရေးဘက်ကလူထဲကပဲ ကျူးလွန်တာဖြစ်ဖြစ် ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးသင့်တယ်လို့ ထင်တယ်။ ဒီလိုမျိုး အကျဉ်းတန်တွေ ကိစ္စတွေက ဘာလို့ဖြစ်နေ တာလဲဆိုတော့ အာဏာရှင် သက်ဆိုးရှည်နေလို့ နောက်ဆက်တွဲ ဖြစ်လာတဲ့ ကိစ္စတွေဖြစ်တဲ့အတွက်ကြောင့် ဒါကိုလည်း သတိချပ်ပြီး စစ်တပ်ကို ကျမတို့  အမြစ်မြန်မြန် ဖြတ်နိုင်အောင်လို့ နိုင်ငံတကာ အနေနဲ့ ကူညီပေးဖို့ လိုအပ်ပါတယ်။”

၂၀၂၄ ခုနှစ် မေလမှာ နောက်ဆုံး တွေ့ဆုံခဲ့ပြီးတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးအင်အားစု အဖွဲ့ပေါင်း ၁၇ ခုက အမျိုးသမီး ၄၅ ရောက် တက်ရောက်ဆွေးနွေးခဲ့ပြီး အကြံပြုတောင်းဆိုချက် ၇ ချက်ပါ ထုတ်ပြန်ချက်ကို ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ကာ NUG/ MODနဲ့ တိုင်းရင်းသား တော်လှန်ရေးတပ် အနည်းဆုံး ၁၇ ဖွဲ့ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

 ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013