DVB Logo
Home
မြန်မာသတင်း
မတူပီမြို့နှင့် ဆက်သွယ်ထားသည့် လမ်း​များကို ရက်အကန့်အသတ်မရှိပိတ်
DVB
·
June 21, 2024
မတူပီမြို့နှင့် ဆက်သွယ်ထားသည့် လမ်း​များကို ရက်အကန့်အသတ်မရှိပိတ်
Donate to DVB

ချင်းပြည်နယ်၊ မတူပီမြို့က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အတွက် မတူပီမြို့နဲ့ ဆက်သွယ်ထားတဲ့လမ်း​တွေကို ဇွန် ၂၀ ရက် မနေ့ကစတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ CDF-Matupi တပ်မဟာ ၂ က ထုတ်ပြန်ကြေညာပါတယ်။

CDF-Matupi တပ်မဟာ ၂ ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ကျနော်တို့ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDFs) တွေဘက်က စစ်မျက်နှာ တိုးမြှင့်ထားပြီး မတူပီကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမှာဖြစ်လို့ အများပြည်သူ ထိခိုက်နစ်နာမှု မရှိစေဖို့အတွက် အခုလို လမ်း​တွေကို ပိတ်လိုက်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တဲ့ လမ်းတွေဟာ မတူပီ-ပလက်ဝလမ်း၊ မတူပီ-ကန်တောင်လမ်း၊ မတူပီ-ဟားခါးလမ်းနဲ့ မတူပီ-လိုင်လဲန်းပီလမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

CDF-Matupi တပ်မဟာ ၂ တာဝန်ရှိသူတဦးက “ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာကြတဲ့ ပြည်သူတွေဟာ ကြီးလေးတဲ့ပြစ်ဒဏ် ခံယူရမှာ ဖြစ်သလို ခွင့်ပြုချက်မရှိဘဲနဲ့ ဖြတ်သန်းသွားလာရင်လည်း ကျနော်တို့ရဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပစ်မိန့်ပေးထားပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ အတိအကျ လိုက်နာကြဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

အခုရက်ပိုင်း ချင်းပြည်နယ်မှာ စစ်ရေးအရှိန်မြင့်နေပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ ၉ မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့မြို့တွေကို ထပ်မံသိမ်းပိုက်နိုင်ဖို့ ဆောင်ရွက်နေကြကာ ချင်းတော်လှန်ရေးအဖွဲ့တွေဘက်ကနေ အာရက္ခတပ်တော် (AA) ကလည်း ကူညီပေးနေ​တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013