DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဆီထွက်သီးနှံမြေပဲ အထွက်နှုန်းကျဆင်းပြီး အရှုံးပေါ်နေ
DVB
·
June 20, 2024
ဧရာဝတီတိုင်းတွင် ဆီထွက်သီးနှံမြေပဲ အထွက်နှုန်းကျဆင်းပြီး အရှုံးပေါ်နေ
Donate to DVB

ဧရာဝတီတိုင်းမှာ ဆီထွက်သီးနှံမြေပဲ အထွက်နှုန်းကျဆင်းနေတာကြောင့် ဒေသခံတောင်သူတွေ အရှုံးပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ အခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီမှာ စိုက်ပျိုးထားတဲ့ ဆီထွက်သီးနှံ မြေပဲတွေ နောက်ဆုံးသိမ်းဆည်းနေတဲ့အချိန်ဖြစ်ပြီး အရင်နှစ်တွေက မြေပဲတဧကကို ပျမ်းမျှ ၆၅ တင်းအထိ ထွက်ရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ မြေပဲတဧက ပျမ်းမျှ ၄၅ တင်းအထိသာ အများဆုံး ထွက်ရှိတော့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှ တောင်သူတယောက်က “အခုနှစ် တဆ နှစ်ဆ လျော့ကျနေတယ်။ မြတ်ဖို့မပြောနဲ့ ရိတ်ခြွေဖိုးနဲ့ စက်သုံးဆီဖိုးတောင် မနည်းရအောင် ပြန်လုပ်နေရတယ်။ ဒီအတိုင်းဆို မိုးသီးနှံတောင် လုပ်နိုင်ဖို့ မသေချာဘူး။ လုပ်ဖို့လည်း အရင်းအနှီး ရှာရဦးမယ်။ ခါတိုင်းဆို နွေသီးနှံတွေ သိမ်းပြီးတာနဲ့ မိုးသီးနှံစိုက်ဖို့ အရင်းအနှီးသုံးနိုင်တယ်။ အခုက မသုံးနိုင်တော့ဘူး။ အဓိက‌တော့ ရာသီဥတု ဖောက်ပြန်တာနဲ့ စစ်တပ်အာဏာသိမ်းတာနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခတွေရောက်ရတာ။ မြေပဲဈေးကတော့ မဆိုးပါဘူး” လို့ ပြောပါတယ်။

ဆီထွက်သီးနှံမြေပဲ အထွက်နှုန်းကျဆင်းတာဟာ ဧရာဝတီတိုင်းတွင်း ဖြစ်ပွားခဲ့တဲ့ ရာသီဥတုဖောက်ပြန်တာ၊ ဖျက်ပိုးကိုက်ဖြတ်တာ၊ စစ်တပ်က အာဏာသိမ်းတာကြောင့် စိုက်ပျိုးရေးသွင်းအားစုတွေ ဈေးထိုးတက်နေတာ၊ သီးနှံတွေ အထွက်ကောင်းစေဖို့၊ ပိုးမွှားအန္တရာယ် မကျရောက်စေဖို့ သုံးနေကျ ပိုးသတ်ဆေးတွေ၊ မြေသြဇာတွေ အပြည့်အဝ မသုံးစွဲနိုင်တာနဲ့ ဒေသမတည်ငြိမ်မှုတွေကြောင့် လယ်ယာလုပ်ငန်းတွေကို စနစ်တကျ မလုပ်နိုင်တာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

မအူပင်မြို့နယ်မှ လယ်သမားတယောက်က “ဒီပုံစံအတိုင်းဆို မလွယ်တော့ဘူး။ မိသားစုတွေက တခြားအလုပ်ပဲလုပ်ဖို့ ပြောနေတာ။ အဆင်မပြေတာ သုံးနှစ်ကျော်လာပြီ။ အခုက အထွက်လျော့တဲ့ဒဏ် ခံနေရတဲ့အပြင် ဘာမှ ပံ့ပိုးတာလည်း မရဘူးဖြစ်နေတယ်။ ချေးငွေတွေလည်း အသစ်မလာဘဲ အဟောင်းတောင် အတင်းဖိအားပေး တောင်းနေတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ တောင်သူတွေဟာ မြေပဲတွေ အထွက်နှုန်းကျဆင်းနေတဲ့အပြင် လယ်ယာသုံးစက်သုံးဆီ လိုသလောက်ဝယ်မရတာ၊ စက်သုံးဆီဈေးတွေ ပြန်မကျသေးတာ၊ ဓာတ်မြေသြဇာဈေးတွေ ပြန်မကျတာ၊ အရင်ကချေးထားတဲ့ ချေးငွေတွေကို အတင်းတောင်းနေတာ စတဲ့အခြေအနေ အခက်အခဲတွေနဲဲ့လည်း ကြုံနေရတယ်လို့ သိရပါတယ်။

နိုင်ငံတော်စားသုံးဆီလိုအပ်ချက် ဖြည့်ဆည်းဖို့အတွက် ပြည်ပကနေ ဆီတင်သွင်းရမှု လျော့ကျစေဖို့ဆိုပြီး စစ်ကောင်စီက ဧရာဝတီတိုင်းမှာ စပါးစိုက်ပျိုးမှုပြီးရင် မြေပဲတွေကို ဧကသိန်းချီ အဓိကထား စိုက်ပျိုးခိုင်းခဲ့တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013