DVB Logo
Home
Data Story
ကွယ်လွန်သူ ဦးမြင့်ဆွေကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းက EU ပယ်ဖျက်ပြီး ကျန်သူများကို ဆက်လက် အရေးယူ
DVB
·
April 28, 2026
Photo : DVB
Photo : DVB
Donate to DVB

ကွယ်လွန်သွားပြီဖြစ်တဲ့ စစ်တပ်ခန့် ယာယီသမ္မတ ဦးမြင့်ဆွေကို ဥရောပသမဂ္ဂ (EU) က အရေးယူ ပိတ်ဆို့ခံထားရတဲ့ စာရင်းကနေ ဖယ်ရှားပေးလိုက်ပါတယ်။

ဒါပေမဲ့ ကျန်အရေးယူခံထားရဆဲ လူပုဂ္ဂိုလ် ၁၀၅  ယောက်နဲ့ အဖွဲ့အစည်း ၂၂ ခုကိုတော့ ၂၀၂၇ ခုနှစ်၊ ဧပြီ ၃၀ ရက်အထိ နောက်ထပ် ၁ နှစ် သက်တမ်းတိုးလိုက်တယ်လို့ ဥရောပသမဂ္ဂက ဧပြီ ၂၇ ရက်မှာ ကြေညာပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်းက ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ သူတွေကို နောက်ထပ် ပိတ်ဆို့မှုတွေချမှတ်ဖို့ ဥရောပသမဂ္ဂက အသင့်ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုခံထားရသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို DVB ရဲ့ Myanmar Sanctions Monitor Dashboard မှာ အချိန်နဲ့ တပြေးညီ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

Dashboard အား ဝင်ရောက်ကြည့်ရှုရန် Link

 - https://burmese.dvb.no/sanctions

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013